MNL League Cup 2024   ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင် ကစား

 

MNL League Cup 2024   ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင် ကစား

 

ရန်ကုန်  မတ်  ၁

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို  ယနေ့ညနေပိုင်းတွင် စတင်ပြီး ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024  ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်းများနှင့်  အပျော်တမ်းလိဂ်မှ  ခြေစစ်ပွဲအောင်မြင်သည့် အသင်းများဖြင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီကျင်းပခြင်းဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌  ရှမ်းယူနိုက်တက်အသင်းနှင့်  ရိန်းဘိုးအသင်းတို့ကစားခဲ့ရာ  ရှမ်းယူနိုက်တက်အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ တက္ကသိုလ်အားကစားကွင်း၌ University အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ မဟာယူနိုက်တက် အသင်းက ၄ ဂိုး  ၂ ဂိုးဖြင့် လည်းကောင်း၊ ပဒုမ္မာ အားကစားကွင်း၌ Glory Goal အသင်းနှင့်  ရခိုင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌  ရန်ကုန်ယူနိုက် တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၇ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် မတ်လ ၂ ရက်တွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဆေးဗားစတားအသင်း၊ ဒဂုံပေါ့အသင်းနှင့်  ဒဂုံစတားယူနိုက်တက်အသင်း၊ ISPE အသင်းနှင့် ရက္ခပူရယူနိုက်တက် အသင်း၊  သစ္စာအားမာန်အသင်းနှင့်    မြဝတီအက်ဖ်စီ အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ် ကြောင်း သိရသည်။