၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက် 

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက် 

 

နေပြည်တော် မတ် ၁

၂၀၂၃-၂၀၂၄ ခုနှစ်  ပြည်နယ်နှင့် တိုင်းဒေသကြီး  ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်   နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊  ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊  ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊   ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ  တက်ရောက်ကြသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်  ဧည်သည်တော်များသည်    “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်  စနူကာပြိုင်ပွဲ ဗိုလ်လုပွဲ” ပွဲစဉ်များအဖြစ် စနူကာ 15 Red  အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊  စနူကာ 6 Red အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊  9 Ball Pool အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ နှင့် 9 Ball Pool အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ  ယှဉ်ပြိုင်နေမှုကို ကြည်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ 9 Ball Pool    အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင်  အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဘိလိယက်အမှတ် အများဆုံးဆု၊ စနူကာ 15-Red  အမှတ်အများဆုံးဆုနှင့် စနူကာ 15-Red  အတိုးတက်ဆုံး ဆုရရှိကြသူများကို လည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး က ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊  ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က  အမျိုးသမီး  9 Ball Pool    နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးရန်ကျော်က အမျိုးသား 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က  အမျိုးသမီး 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်  တတိယဆု ရရှိကြသူများကို လည်းကောင်း  ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒေါက်တာဘရွှေက အမျိုးသား 9 Ball Pool   တစ်ဦးချင်း ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာ မှုထန်က စနူကာ 6- Red  တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက  စနူကာ 15-Red  တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း  ဂုဏ်ပြု ဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒေါ်ဒွဲဘူက စုပေါင်း တံခွန်စိုက် ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီး အသင်းကို  တံခွန်စိုက် ဆုဖလားပေးအပ်သည်။

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ  ပေါ်ထွက်လာစေရန် ရည်ရွယ်၍  အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီး အသင်း ၁၀ သင်းဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။