အမေရိကန်နှင့်ဗြိတိန် ပူးပေါင်းတပ်များက  ဟူသီသူပုန်အဖွဲ့၏ ပစ်မှတ်များအား လေကြောင်းမှ တိုက်ခိုက်

 

အမေရိကန်နှင့်ဗြိတိန် ပူးပေါင်းတပ်များက  ဟူသီသူပုန်အဖွဲ့၏ ပစ်မှတ်များအား လေကြောင်းမှ တိုက်ခိုက်

 

    အမေရိကန်နှင့် ဗြိတိန် ပူးပေါင်းတပ်များ သည် မတ်လ ၁ ရက်တွင် ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်အဖွဲ့၏ ပစ်မှတ်များအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း Masirah ရုပ်သံက ထုတ်ပြန်သည်။

ပူးပေါင်းတပ်များသည် ဟိုဒေးဒါ ပင်လယ်နီ ဆိပ်ကမ်းမြို့ရှိ ဟူသီသူပုန်တပ်ဖွဲ့၏ စစ်ရေး ပစ်မှတ်များအား လေကြောင်းမှ နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုများ အတွင်း ဟူသီသူပုန်တပ်ဖွဲ့၏ ရွှေ့ပြောင်း လောင်ချာပစ်စင်များကို  ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍   ပူးပေါင်းတပ်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

ဟူသီသူပုန်တပ်ဖွဲ့သည် အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ  ပါလက်စတိုင်းများအား   တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ   နိုင်ငံတကာ  ရေကြောင်းသွားလာရေး လမ်းကြောင်းများကို   စတင်တိုက်ခိုက်ရာမှ ဟူသီသူပုန်တပ်ဖွဲ့အပေါ်   အနောက် နိုင်ငံများနှင့် မဟာမိတ်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ဟူသီသူပုန်အဖွဲ့သည် အထူးသဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပရေယာဉ်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။