အိန္ဒိယတောင်ပိုင်းရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား

 

အိန္ဒိယတောင်ပိုင်းရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား

 

    အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် မတ်လ ၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲမှုသည်   ဘင်ဂါလူရူမြို့ရှိ    ရာမက်ရှ်ဝါရမ်ကော်ဖီဆိုင်တွင် နေ့လယ်စာ စားသောက်ချိန်ခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး   ဒဏ်ရာရရှိသူများ အနက် သုံးဦးမှာ    ကော်ဖီဆိုင် ဝန်ထမ်းများဖြစ်ပြီး ကျန်တစ်ဦးမှာ ဆိုင်သို့လာရောက် စားသုံးသည့် စားသုံးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများအား အာဏာပိုင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ဗုံးရှင်းလင်းရေးတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များအား အာဏာပိုင်အဖွဲ့က စေလွှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို  တာဝန်ရှိသူများက စုံစမ်း ဖော်ထုတ်လျက်ရှိသည်။