ယူကရိန်းနိုင်ငံအတွင်း စီအိုင်အေက အခြေစိုက် စခန်းအများအပြားကို တည်ထောင်ထားဟုဆို

 

ယူကရိန်းနိုင်ငံအတွင်း စီအိုင်အေက အခြေစိုက် စခန်းအများအပြားကို တည်ထောင်ထားဟုဆို

 

    အမေရိကန်၏ သူလျှိုကွန်ရက်သည် အမေရိကန်မီဒီယာများက ဖော်ပြထားသည် ထက် ပိုမိုကြီးမားပြီး စီအိုင်အေအနေဖြင့် ယူကရိန်းနိုင်ငံ အတွင်း၌  အခြေစိုက်စခန်း အများအပြားကို တည်ထောင်ထားကြောင်း ရုရှားပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ အလက်ဇန္ဒားဘော်နီကော့က ပြောသည်။

ထို့ပြင် စီအိုင်အေအဖွဲ့သည် လက်ရှိတွင် ရုရှားအား ချည့်နဲ့စေရန်အတွက် ယူကရိန်းနိုင်ငံ အတွင်း၌  လျှို့ဝှက်အခြေစိုက်စခန်း ၁၂ ခုအား ဖွင့်လှစ်၍ လှုပ်ရှားလျက်ရှိကြောင်း New York Times သတင်းစာက ဖော်ပြသည်။  အလားတူ စီအိုင်အေအဖွဲ့သည် ယူကရိန်းထောက်လှမ်းရေး အဖွဲ့ဝင်များအား  မြေအောက်ဘန်ကာများတွင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်း တို့ကိုပါလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အမေရိကန်သူလျှို အဖွဲ့နှင့်  ယူကရိန်း အထူးတပ်ဖွဲ့များအကြား ပူးပေါင်းဆောင် ရွက်မှုသည် ကာလရှည်ကြာ တည်ရှိခဲ့ပြီဖြစ်ပြီး  ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ယူကရိန်း အထူးတပ်ဖွဲ့ဝင်များသည် အမေရိကန်၏ လေ့ကျင့်သင်ကြားပေးမှုကို လက်ခံရရှိခဲ့ကြောင်း New York Times သတင်းစာက ဆက်လက် အတည်ပြု ဖော်ပြခဲ့ကြောင်း သိရသည်။