ပခုက္ကူတက္ကသိုလ်၌ နေ့သင်တန်း (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် အဝေးသင်(ဒုတိယအကြိမ်မြောက်) ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

 

ပခုက္ကူတက္ကသိုလ်၌ နေ့သင်တန်း (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် အဝေးသင်(ဒုတိယအကြိမ်မြောက်) ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

 

ပခုက္ကူ  မတ်  ၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ပခုက္ကူတက္ကသိုလ်၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် နေ့သင်တန်း(၁၉) ကြိမ်မြောက်  ဘွဲ့နှင်းသဘင်နှင့်  အဝေးသင် (ဒုတိယအကြိမ်မြောက်) ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက်  က ပခုက္ကူမြို့ရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနား၌   ပခုက္ကူတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျင်းပခဲ့သော နေ့သင်တန်း စာမေးပွဲများ၌ ဖြေဆို အောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်/မယ် ၁၆၅  ဦးနှင့်  အဝေးသင်ဘွဲ့ရမောင်/မယ်  ၁၁၂   ဦးတို့အား   ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က    ဘွဲ့များ အသီးသီး အပ်နှင်းသည်။

ပခုက္ကူတက္ကသိုလ် အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် ပါဝင်ဆောင် ရွက်နိုင်မည့်    လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရန်    ဘွဲ့ရ  လူငယ်မောင်/မယ်များကို   နှစ်စဉ်ပညာ သင်ကြား မွေးထုတ်ပေးလျက်ရှိပြီး လက်ရှိ ပညာသင်နှစ်အထိ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၁၆၅၄၂ ဦး၊ ဝိဇ္ဇာ၊  သိပ္ပံဂုဏ်ထူးဘွဲ့  ၂၂၂၆ ဦး၊ မဟာဝိဇ္ဇာ၊  သိပ္ပံဘွဲ့  ၂၁၂၈ ဦး၊  မဟာသုတေသနဘွဲ့  ၁၂၈  ဦး  စုစုပေါင်းနေ့ သင်တန်းဘွဲ့ရမောင်/ မယ် ၂၁၀၂၄  ဦး၊ အဝေးသင်သင်တန်းဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄၀၆၇၅ ဦး၊ ဥပဒေပညာဘွဲ့  ၁၁၆၅  ဦး၊ စီးပွားရေး ပညာပေါင်းစပ်ဘွဲ့ ၄၃၆၄   ဦး စုစုပေါင်း ဘွဲ့ရမောင်/မယ် ၄၆၂၀၄  ဦး အောင်မြင် စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။