(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာ ကာယဗလပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများ ရွေးချယ်

 

(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာ ကာယဗလပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများ ရွေးချယ်

 

ရန်ကုန်  မတ်  ၂

    မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က   ကြီးမှူး၍ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပမည့် (၁၈)ကြိမ်မြောက်   အရှေ့တောင်အာရှ ကာယဗလနှင့် ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် နိုင်ငံတကာ ကာယဗလပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ရွေးချယ်ပွဲကို   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့်     ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်၌ ကျင်းပသည်။

လက်ရွေးစင်ရွေးချယ်ပွဲတွင် အမျိုးသား ကာယဗလမောင် ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅ ကီလိုတန်း၊ ၇၅ နှင့်အထက် ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား Athletic Physique Up to 175 Cm + 6 Kg  ပြိုင်ပွဲ၊ အမျိုးသား Sports Physique Up to 170 Cm -2 Kg ပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊ အမျိုးသမီး Model Physique Up to 160 Cm ပြိုင်ပွဲ၊  အမျိုးသမီး Model Physique Over 165 Cm  ပြိုင်ပွဲများ ကျင်းပရာ  မျိုးဆက်သစ် ကာယဗလ မောင်မယ်များက   သတ်မှတ်ကိုယ်ဟန် ခုနစ်မျိုးဖြင့်   နောက်ခံတေးဂီတနှင့် အတူ ကိုယ်ခန္ဓာ ကျစ်လျစ်ခိုင်မာမှုကို လှစ်ထုတ်ပြသ ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများမှ အတန်းလိုက်ပြိုင်ပွဲများ၌ အကောင်းဆုံး အားကစားများအား မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူတို့က စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့နောက်  ရွေးချယ်ခံမျိုးဆက်သစ် ကာယဗလ အားကစားသမားများအား မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီက သြဝါဒစကားပြောကြားသည်။ မြန်မာ့လက်ရွေးစင် ရွေးချယ်ခံ အားကစားသမားများသည် မတ်  လ ၂၀ ရက်မှစတင်၍  စခန်းဝင်လေ့ကျင့် ကြမည်ဖြစ်ကြောင်း သိရသည်။