MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင်ကစား

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင်ကစား

 

ရန်ကုန်  မတ်  ၂

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းသည့် MNL League Cup 2024 ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့ညနေပိုင်းကစတင်၍ ရန်ကုန်မြို့တွင်  ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်းများနှင့် အပျော်တမ်းလိဂ်မှ ခြေစစ်ပွဲအောင်မြင် သည့်အသင်းများဖြင့်  မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီ ကျင်းပခြင်းဖြစ်သည်။   

    MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် YUSC အားကစားကွင်း၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ဆေးဗားစတား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီ ယူနိုက်တက်အသင်းက ၇ ဂိုး ၁ ဂိုးဖြင့်အနိုင် ရရှိခဲ့ပြီး ပဒုမ္မာ အားကစားကွင်း၌ ဒဂုံပေါ့ အသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်းတို့ယှဉ်ပြိုင် ကစားခဲ့ရာ ဒဂုံစတားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူ တက္ကသိုလ် အားကစားကွင်းတွင် သစ္စာအားမာန် အသင်းနှင့် မြဝတီအက်ဖ်စီ အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ညနေ ၄ နာရီက သုဝဏ္ဏအားကစားကွင်း၌ ကစားခဲ့သည့်  ISPE အသင်းနှင့်  ရက္ခပူရယူနိုက်တက် အသင်းတို့ပွဲစဉ်တွင်လည်း တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့ သည်။

MNL League Cup 2024 ပြိုင်ပွဲကို မတ် ၁ ရက်မှ ဇွန် ၁၉ ရက်ထိ ကျင်းပသွား မည်ဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များကို နှစ်ကျော့ စနစ်ဖြင့် ယှဉ်ပြိုင် ကစားစေမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ၊YUSC? ၊ ယူနီဗာစတီ နှင့် ပဒုမ္မာ အားကစားကွင်းတို့တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။