လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးဒရုန်း၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇဘိုလာပြောက်ကျား တပ်ဖွဲ့ဝင်သုံးဦး သေဆုံး

 

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးဒရုန်း၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇဘိုလာပြောက်ကျား တပ်ဖွဲ့ဝင်သုံးဦး သေဆုံး

 

    လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေးဒရုန်းတစ်စင်းက ဟစ်ဇဘိုလာ ပြောက်ကျားတပ်ဖွဲ့၏ ပစ်မှတ်များကို မတ်လ ၂ ရက်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့ဝင်    သုံးဦးသေဆုံးခဲ့ကြောင်း လက်ဘနွန်လုံခြုံရေး အရင်းအမြစ်တစ်ခုက ပြောသည်။

အစ္စရေးဒရုန်းသည် နာကူရာမြို့အနီးရှိ လမ်းမကြီးတစ်ခုကို   ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခြင်းဖြစ်သည်။  သေဆုံးသူ ပြောက်ကျား တပ်ဖွဲ့ဝင်သုံးဦးအနက် တစ်ဦးမှာ လက်နက်ထုတ်လုပ်ရေး   နည်းပညာရှင် တစ်ဦးဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်ဘက်သည်   ဟစ်ဇဘိုလာပြောက်ကျား တပ်ဖွဲ့အား ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလမှစ၍ တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇဘိုလာပြောက်ကျား တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ အလားတူပင်  ဟစ်ဇဘိုလာပြောက်ကျားများ၏ တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သည်များနှင့် အစ္စရေးနိုင်ငံသား ငါးဦး  သေဆုံးခဲ့ကြောင်း သိရသည်။