အထူးတပ်ဖွဲ့ဝင် အနည်းငယ်ကို ယူကရိန်းသို့ စေလွှတ်ရန် ပြင်သစ်စဉ်းစားဟုဆို

 

အထူးတပ်ဖွဲ့ဝင် အနည်းငယ်ကို ယူကရိန်းသို့ စေလွှတ်ရန် ပြင်သစ်စဉ်းစားဟုဆို

 

    ပြင်သစ်အစိုးရသည် ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင် အနည်းငယ်ကို ယူကရိန်းနိုင်ငံသို့ တိုက်ရိုက်စေလွှတ်ရန်  စဉ်းစားလျက်ရှိကြောင်း Le Monde သတင်းစာက ဖော်ပြသည်။

ပြင်သစ်အစိုးရသည် ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့များအား လေ့ကျင့်သင်ကြားပေးရန်နှင့်    ရုရှားတပ်များအား တားဆီးရန်အတွက် ပြင်သစ်အထူး တပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ စေလွှတ်ရန်  စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းစာက မတ်လ ၁ ရက်တွင် ဖော်ပြထားသည်။  သို့သော် ယူကရိန်းသို့ စေလွှတ်မည့်    ပြင်သစ်စစ်ရေးနည်းပြ အရေအတွက်ကိုမူ သတင်းစာက ဖော်ပြခဲ့ခြင်း မရှိသော်လည်း ၎င်းတပ်ဖွဲ့ဝင်များတွင် သမားရိုးကျတပ်ဖွဲ့ဝင်များ ပါဝင်နိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံသည် ပိုလန်နိုင်ငံအတွင်း ယူကရိန်းစစ်သည်များအား    လေ့ကျင့်သင်ကြားပေးမှုတွင် ပါဝင်လျက်ရှိပြီး ပြင်သစ်ထုတ် စစ်လက်နက်ပစ္စည်းများအား ယူကရိန်းသို့     လွှဲပြောင်းပေးအပ်ရာတွင်လည်း အစောင့်အရှောက်အဖြစ် လိုက်ပါဆောင်ရွက်လျက် ရှိကြောင်း Le Mondeသတင်းစာက ဆက်လက်ဖော်ပြသည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများမှ တပ်များအား  ယူကရိန်းနိုင်ငံ အတွင်း၌ ဖြန့်ကြက်ခြင်းကို   ရုရှားနိုင်ငံက သတိပေးထားပြီး ယင်းသို့လုပ်ဆောင်ခြင်းသည်    ရုရှားနှင့် နေတိုးတပ်ဖွဲ့ဝင် အနောက်နိုင်ငံများကြား ပဋိပက္ခတစ်ရပ်ကို မလွဲမသွေဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားကြောင်း သိရသည်။