ခရိုင်းမီးယားဒေသသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် ဗုံးထောင်ထားသော ယာဉ်တစ်စီးအား ရုရှားထောက်လှမ်းရေး အဖွဲ့က ရှာဖွေ တားဆီးနိုင်ခဲ့

 

ခရိုင်းမီးယားဒေသသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် ဗုံးထောင်ထားသော ယာဉ်တစ်စီးအား ရုရှားထောက်လှမ်းရေး အဖွဲ့က ရှာဖွေ တားဆီးနိုင်ခဲ့

 

    ရုရှားနိုင်ငံ ခရိုင်းမီးယားဒေသ အတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့်  ဗုံးထောင် ထားသော    မော်တော်ယာဉ်တစ်စီးအား ရုရှားထောက်လှမ်းရေး အဖွဲ့က    ရှာဖွေတားဆီးနိုင်ခဲ့ကြောင်း လုံခြုံရေး အရင်းအမြစ် တစ်ခုက RIA Novosti သို့ပြောသည်။

အဆိုပါမော်တော်ယာဉ်တွင်   နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက  ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသော   လက်လုပ်ဗုံးတစ်လုံးကို ထောင်ထားကြောင်း   ရုရှားကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ မော်တော်ယာဉ်အား ရုရှားထောက်လှမ်းရေးအဖွဲ့က ခရိုင်းမီးယားနှင့် ခါဆွန်ဒေသကြားရှိ  ဇန်ခွိုင်နယ်စပ်ဖြတ်ကျော်ရေး စခန်းတွင်  တားဆီးနိုင်ခဲ့ခြင်း ဖြစ် ကြောင်း ရုရှားမီဒီယာတစ်ခုက မတ်လ ၂ ရက်တွင် ဖော်ပြသည်။

လက်လုပ်ဗုံးထောင်ထားသည့် မော်တော်ယာဉ်အား ခါဆွန်ဒေသမှ ဥပဒေစိုးမိုးရေး အရာရှိတစ်ဦးက မောင်းနှင်လာခြင်း ဖြစ်ပြီး ဗုံးအားယာဉ်မောင်း ထိုင်ခုံ၏အောက်တွင် ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။