တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

 

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၃

      တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်  ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

    ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး စစ်ရေးပြအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ထို့နောက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာန ချုပ်ရှိ စစ်ရေးပြကွင်း၌ အားကစားပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပြီး တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ စစ်မှုထမ်းကောင်းတံဆိပ်ရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆု ရရှိသော အရာရှိ၊ စစ်သည်များ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အိမ်ထောင်သည် လိုင်းခန်း သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတွင် အကောင်းဆုံး ဆုရရှိသော အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ဗလာမပါကံစမ်းမဲများ မဲဖောက် ပေးခဲ့ကြောင်း သတင်းရရှိသည်။