ရှေဘက်ရှရစ်ဖ်အား ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်

 

ရှေဘက်ရှရစ်ဖ်အား ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်

 

    ပါကစ္စတန်နိုင်ငံတွင် အသစ်ဖွဲ့စည်းလိုက်သည့် အစိုးရက ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်-နာဝပ် (PML-N) ပါတီမှအကြီးအကဲ ရှေဘက်ရှရစ်ဖ်အား   ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ  ဆာဒါအာယစ်ဆာဒစ်က မတ်လ ၃ရက်တွင် ကြေညာသည်။

ရှေဘက်သည် ပြီးခဲ့သည့်လအတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြိုင်ဘက် နိုင်ငံရေးသမား တစ်ဦးဖြစ်သူ    အိုမာအာယွက်ခန်းအား ကျော်ဖြတ်၍ စုစုပေါင်း မဲအရေအတွက် ၃၃၆ အနက်၊ ထောက်ခံမဲ ၂၀၁မဲ ရရှိခဲ့သူဖြစ်သည်။ ရှေဘက်ဝန်ကြီးချုပ် ဖြစ်လာခြင်းသည် ၎င်းတို့၏ ရှေဘက်မိသားစုအတွက် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ၎င်းသည် ယခင်ဝန်ကြီးချုပ်ဟောင်းနှင့် (PML-N) အား တည်ထောင်ခဲ့သူ နာဝပ်ရှရစ်ဖ် ညီဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည်   လက်ရှိတွင် နိုင်ငံရေး ပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး မဲရေတွက်နေစဉ် အတွင်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား   ထောက်ခံသူများ၏ ဆန္ဒပြမှုများနှင့်လည်း ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

သို့သော်   ရှေဘက်အား   နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်မှုအပေါ် နိုင်ငံအများအပြားက ဝမ်းမြောက်ကြောင်း ပြောကြားထားသည်။