ရုရှားက သတိပေးထားသော်လည်း နေတိုးက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းတွင် တပ်ဖြန့်ထားပြီးဖြစ်ဟု စီအိုင်အေ အရာရှိပြော

 

ရုရှားက သတိပေးထားသော်လည်း နေတိုးက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းတွင် တပ်ဖြန့်ထားပြီးဖြစ်ဟု စီအိုင်အေ အရာရှိပြော

 

    ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ နေတိုး တပ်ဖွဲ့ဝင်နိုင်ငံများအား  ရုရှားအစိုးရက တရားဝင် သတိပေးထားသော်လည်း နေတိုး တပ်ဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းတွင် တပ်ဖြန့်ထားပြီးဖြစ်ကြောင်း အမေရိကန် စီအိုင်အေအရာရှိ ဟောင်း တစ်ဦးကပြောသည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏တပ်များအား ယူကရိန်းတွင် တပ်ဖြန့်ထားပြီး အမေရိကန်နိုင်ငံကလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယင်းနိုင်ငံအတွင်း၌ တပ်ဖြန့်ထားပြီး   ရုရှားအား  တိုက်ခိုက်ရာတွင် ပါဝင်လျက်ရှိကြောင်း  စီအိုင်အေမှ အရာရှိတစ်ဦးဖြစ်သူ လယ်ရီဂျွန်ဆင်က ပြောသည်။

ရုရှားအစိုးရသည် နေတိုးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ ပို့ဆောင်ခြင်းသည် ရုရှား နှင့် ယူကရိန်းအကြား တိုက်ရိုက်ပဋိပက္ခ တစ်ရပ်ကိုဖြစ်ပေါ်စေနိုင်ကြောင်း သတိပေး ခဲ့သော်လည်း နေတိုးတပ်ဖွဲ့ဝင်နိုင်ငံ အချို့က ရုရှား၏ ကြီးထွားလာသည့် စစ်ရေးအင်အား ကို တန်ပြန်နိုင်ရန်နှင့် ကိုယ်စားစစ်ပွဲ ဆင်နွှဲ ရန်အတွက် ၎င်းတို့၏ တပ်များကို ယူကရိန်းသို့ ပို့ဆောင်လျက် ရှိကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သည့်  နေတိုး တပ်ဖွဲ့ဝင် အနောက်နိုင်ငံများသည် ယူကရိန်း ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ယူကရိန်းသို့ ၎င်းတို့၏တပ်များအား စေလွှတ်ရန် ကြိုးပမ်း ခဲ့သည်။