ပါကစ္စတန်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရ

 

ပါကစ္စတန်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရ

 

    ပါကစ္စတန်နိုင်ငံ တစ်ဝန်းလုံးတွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်မီဒီယာ တစ်ခုက မတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံအနောက်မြောက်ပိုင်း၊ ခိုင်ဘာပတ်တွန် ခဝါဒေသ၌ မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် လမ်းမကြီးများ ပိတ်ဆို့သွားပြီး နေအိမ်အများ အပြားမှာ ပြိုကျသွားခဲ့ကြောင်း အာဏာပိုင် အဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံအနောက်မြောက်ပိုင်း၊ ခိုင်ဘာပတ် တွန်ခဝါဒေသတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းမှစ၍ လူသေမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအနောက်တောင်ပိုင်းတွင်လည်း ရေကြီးမှုများ  ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။