အေဒင်ပင်လယ်ကွေ့အတွင်း ဗြိတိန်ပိုင်ကုန်တင် သင်္ဘော နစ်မြုပ်ခဲ့ခြင်းက ဟူသီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ဟု အမေရိကန်ပြော

 

အေဒင်ပင်လယ်ကွေ့အတွင်း ဗြိတိန်ပိုင်ကုန်တင် သင်္ဘော နစ်မြုပ်ခဲ့ခြင်းက ဟူသီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ဟု အမေရိကန်ပြော

 

    အေဒင်ပင်လယ်ကွေ့အတွင်း ဗြိတိန်နိုင်ငံပိုင် ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ခြင်းသည် ဟူသီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က အတည်ပြုထားသည်။

ဗြိတိန်နိုင်ငံပိုင် Rubymar ကုန်တင်သင်္ဘောသည် ဟူသီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုကို ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် တိုက်ခိုက်ခံရပြီးနောက် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ ယင်းသင်္ဘောသည် အမိုနီယံဖော့ဆဖရိတ်ဆာလဖိတ် ဓာတ်မြေသြဇာတန်ချိန် ၂၁၀၀၀ ကိုတင်ဆောင်လာခြင်းကြောင့် ယခုအခါ ယင်းသင်္ဘောနစ်မြုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေခဲ့ကြောင်း အမေရိကန်စစ်ဘက်က ပြောသည်။

ဟူသီသူပုန်အဖွဲ့သည် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ  ပါလက်စတိုင်း ပြည်သူများအား လေကြောင်းမှတိုက်ခိုက် နေခြင်းအား ရပ်တန့်နိုင်ရေး အတွက် အေဒင်ပင်လယ်ကွေ့နှင့် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများအား တိုက်ခိုက်မည်ဟု ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင် ပြောကြားထားပြီးနောက် အနောက်နိုင်ငံများက ၎င်းအဖွဲ့အား တုံ့ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။