ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီအပြင်  ဟာကီမီကိုပါ ခေါ်ယူရန်ပြင်ဆင်

 

ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီအပြင်  ဟာကီမီကိုပါ ခေါ်ယူရန်ပြင်ဆင်

 

    ရီးယဲလ်မက်ဒရစ်အသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး အမ်ဘတ်ပီအပြင်   ခံစစ်ကစားသမား ဟာကီမီကိုပါခေါ်ယူရန်   ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့်ထိပ်တန်း ကစားသမား အမ်ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု အစောပိုင်းကတည်းက သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အသက် ၂၅ နှစ်အရွယ် ဟာကီမီသည် ရီးယဲလ် မက်ဒရစ်အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်ချုပ်ဆိုကာ ကစားသမား ဘဝကို စတင်ခဲ့သော် လည်း  ရီးယဲလ်မက်ဒရစ်အသင်း၌ ပွဲထွက်ကစားခွင့် နည်းပါးခဲ့သည့်အတွက် ဒေါ့မွန်အသင်း၊ အင်တာမီလန် အသင်းတို့ထံ  အဆင့်ဆင့်ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

ဟာကီမီသည် ၂၀၂၁ ခုနှစ်က  အင်တာမီလန် အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိကာ   လက်ရှိဘောလုံးလောက၏ အကောင်းဆုံး ခံစစ်ကစားသမားများတွင် တစ်ဦးအပါ အဝင်ဖြစ်သည့် အတွက် ရီးယဲလ်မက်ဒရစ် အသင်းက ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။