လီဗာပူးအသင်းတွင် ဆာလက်ချ် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်ခန့်အနားယူရမည်ဖြစ်ပြီး အလီဆန်သည်လည်း ရာသီကုန်ချိန်အထိ အနားယူရဖွယ်ရှိနေ

 

လီဗာပူးအသင်းတွင် ဆာလက်ချ် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်ခန့်အနားယူရမည်ဖြစ်ပြီး အလီဆန်သည်လည်း ရာသီကုန်ချိန်အထိ အနားယူရဖွယ်ရှိနေ

 

    လီဗာပူးအသင်း   အဓိက တိုက်စစ်ကစားသမား ဆာလက်ချ်အနေဖြင့် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်ခန့်  အနားယူရမည်ဖြစ်ပြီး  အသင်း ဂိုးသမား  အလီဆန်သည်လည်း  တံကောက်ကြော ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ရာသီကုန်ချိန်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။

ဆာလက်ချ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် က ကစားခဲ့သည့် လီဗာပူးအသင်းနှင့် ဘရန့်ဖို့ဒ်အသင်း တို့ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်  ဒဏ်ရာမှာ  ပြင်းထန်ခြင်း မရှိသော်လည်း  ရက်သတ္တပတ်ခန့်   အနားယူရဖွယ် ရှိနေခြင်းဖြစ်သည်။

အလားတူ ဂိုးသမား အလီဆန်သည်လည်း ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၅ ရက်က ကစားခဲ့သည့် လီဗာပူး အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် တံကောက် ကြောဒဏ်ရာ ရရှိခဲ့သည့်အတွက်   အနားယူနေရပြီး အစောပိုင်းက ရက်သတ္တလေးပတ်ခန့်သာ အနားယူရ ဖွယ်ရှိနေသည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ယခုဘောလုံး ရာသီ ကုန်ချိန်အထိ  အနားယူရဖွယ်ရှိနေသည်။

နည်းပြကလော့က “ဆာလက်ချ်အနေနဲ့ ဘရန့်ဖို့ဒ် အသင်းနဲ့ပွဲစဉ်မှာ  ရရှိခဲ့တဲ့ဒဏ်ရာကြောင့်  ကာလ တစ်ခုအထိတော့ အနားယူရမှာပါ။ ဒါပေမဲ့ သူ့ဒဏ်ရာက မပြင်းထန်လို့ မကြာခင် သူပြန်လာမှာပါ။ အလီဆန်ကတော့  ဒဏ်ရာတော်တော်လေး ပြင်းထန်လို့  ဘယ် လောက်ထိ အနားယူရမလဲဆိုတာ    မသိသေးပါဘူး။ သူ့ကို ကာလရှည် လက်လွှတ်ရဖွယ်ရှိနေပါတယ်”  ဟု  ပြောသည်။

လက်ရှိ   လီဗာပူးအသင်းတွင်   အလီဆန်နှင့် ဆာလက်ချ်တို့အပြင် အဓိက ကစားသမားများ ဖြစ်ကြသည့် မာတစ်၊ အာနိုး၊ အန်ဒို၊ ဆလိုဆလိုင်၊ ကာတစ် ဂျုံးစ်၊ ဂရာဗန်ဘတ်ချ်၊ ဒါဝင်နူနက်စ်၊ ဂျိုတာ စသည့် ကစားသမားများလည်း  ဒဏ်ရာကြောင့်   အသီးသီး အနားယူနေရကြောင်း သိရသည်။