ACE Badminton Tournament  2024 ကြက်တောင်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

 

ACE Badminton Tournament  2024 ကြက်တောင်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

 

ရန်ကုန်  မတ်  ၄

    ACE Badminton Court  ကကြီးမှူးပြုလုပ်မည့် ACE Badminton Tourna-ment 2024 ကြက်တောင်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မေတ္တာညွန့်၌  မတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် သာမန်တန်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်းအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်းအမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ ဝါသနာရှင်တန်း အမျိုးသားနှစ်ယောက်တွဲ  ပြိုင်ပွဲ၊ ဝါသနာရှင်တန်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ သက်လတ်တန်း နှစ်ယောက်ပေါင်း ၇၀ နှစ် နှစ်ယောက်တွဲပြိုင်ပွဲ၊ သက်ကြီးတန်းနှစ်ယောက်ပေါင်း ၉၀ နှစ် နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၇ နှစ်အောက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၇ နှစ်အောက် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၉ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

ဆုကြေးများအဖြစ်  သာမန်တန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲအတွက် ပထမဆုငွေ ကျပ်ငါးသိန်း၊ ဒုတိယဆုငွေကျပ် သုံးသိန်းနှင့် တတိယဆုငွေကျပ် နှစ်သိန်း၊ သာမန်တန်း  အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ်လေးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်းခွဲနှင့် တတိယဆု နှစ်ဆု တစ်ဆုလျှင် ငွေကျပ် တစ်သိန်းခွဲ၊ သာမန်တန်း   အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲအတွက် ပထမဆုငွေကျပ် လေးသိန်း၊ ဒုတိယဆုငွေကျပ်နှစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင်  ငွေကျပ်တစ်သိန်းခွဲ၊ ဝါသနာရှင်တန်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲအတွက် ပထမဆုငွေကျပ်လေးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင်  ငွေကျပ်တစ်သိန်းခွဲ၊ ဝါသနာရှင်တန်း အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲအတွက် ပထမဆုငွေကျပ်သုံးသိန်း၊ ဒုတိယဆုငွေကျပ် တစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု  တစ်ဆုလျှင်ငွေကျပ် တစ်သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ သက်လတ်တန်း နှစ်ယောက်ပေါင်း ၇၀ နှစ် နှစ်ယောက်တွဲပြိုင်ပွဲအတွက် ပထမဆုငွေကျပ် နှစ်သိန်းခွဲ၊ ဒုတိယဆုငွေကျပ် တစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ်တစ်သိန်း၊ သက်ကြီးတန်းနှစ်ယောက်ပေါင်း ၉၀ နှစ် နှစ်ယောက်တွဲပြိုင်ပွဲအတွက် ပထမဆုငွေကျပ် နှစ်သိန်းခွဲ၊ ဒုတိယဆုငွေကျပ် တစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ်တစ်သိန်း၊ အသက် ၁၇ နှစ်အောက်   အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲအတွက် ပထမဆုငွေ ကျပ်သုံးသိန်း၊ ဒုတိယဆုငွေကျပ်နှစ်သိန်းနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ်တစ်သိန်း၊ အသက် ၁၇ နှစ်အောက် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ်နှစ်သိန်း၊    ဒုတိယဆုငွေကျပ် တစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ်တစ်သိန်း၊ အသက် ၁၉ နှစ်အောက် အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်းနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ်တစ်သိန်း၊ အသက် ၁၉ နှစ်အောက် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲအတွက် ပထမဆုငွေကျပ်နှစ်သိန်း၊ ဒုတိယဆုငွေကျပ် တစ်သိန်းခွဲနှင့် တတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ်တစ်သိန်း ချီးမြှင့်မည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား သမားများ အနေဖြင့်  သတ်မှတ်ပြိုင်ပွဲ ဝင်ကြေးပေးသွင်း ရမည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ထပ်မံအသိပေးသွားမည်ဖြစ်ကာ အသေးစိတ် သိရှိလိုပါက ဖုန်း-၀၉-၈၉၉၃၄၄၄၂၂ နှင့် ၀၉-၈၉၉၃၄၄၄၁၁ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။