ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ ကျင်းပ

 

ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ ကျင်းပ

 

ရန်ကုန်  မတ်   ၄

    မြန်မာနိုင်ငံ   အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ ကျောင်းသား၊ ကျောင်းသူများအား လူ့အခွင့်အရေး အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးမြင့်လာစေရန် ရည်ရွယ်၍ ကျန်းမာရေး စောင့်ရှောက်မှု  အခွင့်အရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင်သူနာပြုတက္ကသိုလ်(မန္တလေး) တော်ဝင်သဇင် ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ် (မန္တလေး)မှ  တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ   တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်  ဒေါက်တာတင်မောင်မောင်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ အကြောင်းအရာ စသည့်ဘာသာရပ်များကို   အကျယ်တဝင့် ဟောပြောဆွေးနွေး ခဲ့ကြောင်း သိရသည်။