အစ္စတန်ဘူလ်မြို့တွင် လောင်စာဆီတင် ယာဉ်တစ်စီး ပေါက်ကွဲ၊ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

 

အစ္စတန်ဘူလ်မြို့တွင် လောင်စာဆီတင် ယာဉ်တစ်စီး ပေါက်ကွဲ၊ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

 

    တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မတ်လ ၄ ရက်က လောင်စာဆီတင် ယာဉ်တစ်စီး ပေါက်ကွဲရာ လူတစ်ဦး သေဆုံးပြီး အခြားသုံးဦး   ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းအစိုးရ အဖွဲ့က ထုတ်ပြန်သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အဆိုပါလောင်စာဆီတင် ယာဉ်သည်အာတီဆီဟီယာခရိုင်ရှိ အပန်းဖြေရာနေရာတစ်ခုတွင် ရပ်နားထားစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လောင်စာဆီတင်ယာဉ်ပေါ်၌ ဂဟေဆော်သူများ အလုပ် လုပ်ဆောင်လျက် ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှု ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး  နောက်တွင် ကယ်ဆယ်ရေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို  အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။