နိုင်ငံ၏စီးပွားရေး တိုးတက်လာစေရန် အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများကို တရုတ် အကောင်အထည်ဖော်မည်

 

နိုင်ငံ၏စီးပွားရေး တိုးတက်လာစေရန် အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများကို တရုတ် အကောင်အထည်ဖော်မည်

 

    တရုတ်နိုင်ငံသည် ယခု ၂၀၂၄  ခုနှစ်တွင် နိုင်ငံ၏စီးပွားရေး တိုးတက်လာစေရန် အရေးပါသည့် စီးပွားရေးပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း  ဝန်ကြီးချုပ်လီချန်းက မတ်လ ၅ ရက်တွင်ပြောသည်။

တရုတ်အစိုးရအနေဖြင့်   နိုင်ငံ၏စီးပွားရေး တိုးတက်လာစေရန်နှင့် မကြာမီက နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့်  အိမ်၊ ခြံ၊မြေကဏ္ဍ၌ ဒေဝါလီခံမှုများကိုဖယ်ရှားနိုင်ရေးအတွက်   ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပေကျင်းမြို့တော်၌ ကျင်းပသည့်  အမျိုးသားကွန်ဂရက် လွှတ်တော်အစည်းအဝေး၌  ပြောသည်။

တရုတ်အစိုးရသည် ၂၀၂၄  ခုနှစ်အတွက် နိုင်ငံ၏ဂျီဒီပီ တိုးတက်မှုကို ၅ ရာခိုင်နှုန်း အထိရရှိနိုင်စေရန် အတွက် ရည်မှန်းထားသည်။ ထို့ပြင် အစိုးရသည် နိုင်ငံအတွင်းရှိ မြို့ကြီးပြကြီးများ၌ ပြည်သူများ၏ အလုပ်လက်မဲ့ဖြစ်မှုကို ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချ၍ နိုင်ငံအတွင်း၌ အလုပ်အကိုင်ပေါင်း ၁၂ သန်းခန့်ကို ဖန်တီးပေးမည်ဟု လီကပြောသည်။

တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၃ ခုနှစ်အတွင်း၌ ၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ သော်လည်း တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ဆက်လက်နှေးကွေး နေမည်ဖြစ် သည်ဟု အနောက်နိုင်ငံများမှ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။   ထို့ပြင် တရုတ်နိုင်ငံ၏ ဂျီဒီပီသည် လာမည့် ၂၀၂၄ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းခန့်သာရှိမည်ဟု   နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က  ခန့်မှန်းထားကြောင်း   သိရသည်။