အစ္စရေးထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးနေသူ ခုနစ်ဦးကို တူကီယဲဖမ်းဆီး

 

အစ္စရေးထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးနေသူ ခုနစ်ဦးကို တူကီယဲဖမ်းဆီး

 

    တူကီယဲလုံခြုံရေး တပ်ဖွဲ့ဝင်များသည် အစ္စရေးထောက်လှမ်းရေး တပ်ဖွဲ့ဖြစ်သည့် မော့ဆက်အဖွဲ့အတွက် အလုပ်လုပ်ဆောင်ပေးနေသည်ဟု   ယူဆရသူ လူခုနစ်ဦးကို မတ်လ ၅ ရက်တွင်   ဖမ်းဆီးနိုင်ခဲ့ကြောင်း တူကီယဲပြည်ထဲရေးဝန်ကြီး  အလီယာလီကာယာက ပြောသည်။

    တူကီယဲလုံခြုံရေး တပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း၌ သူလျှိုလုပ်ဆောင်မှုများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေး အတွက် တစ်ချိန်တည်း လုပ်ဆောင်သည့် စစ်ဆင်မှုများ အတွင်း သူလျှိုများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊   ဖမ်းဆီးခံရသူများသည် အစ္စရေးထောက်လှမ်းရေး အေဂျင်စီက အဓိကပစ်မှတ်ထားနေသည့် တူကီယဲနိုင်ငံ အတွင်းရှိ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ သတင်းအချက်အလက်များကို အစ္စရေးသို့ ပေးပို့ခဲ့ကြောင်း  အလီယာလီကာယာက ဆက်လက်ပြောကြားသည်။

    တူကီယဲလုံခြုံရေး တပ်ဖွဲ့ဝင်များသည်   သူလျှိုများအား ဖမ်းဆီးနိုင်ရေးအတွက် လုပ်ဆောင်ခဲ့သည့် စစ်ဆင်မှုများအတွင်း တရားမဝင် ကိုင်ဆောင်သည့် ပစ္စတိုများ၊ မူးယစ်ဆေးဝါးများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ အခြားသူများ၏ ပြောဆိုမှုများကို   ကြားဖြတ်နားထောင်နိုင်သည့် ကိရိယာများနှင့် နိုင်ငံခြားငွေကြေး အမြောက်အမြားကိုပါ   သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။