ပိုလန်တွင် စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း စစ်သုံးမော်တော်ယာဉ် တစ်စီး၏ ဝင်တိုက်မှုကြောင့်  စစ်သည်နှစ်ဦး သေဆုံး

 

ပိုလန်တွင် စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း စစ်သုံးမော်တော်ယာဉ် တစ်စီး၏ ဝင်တိုက်မှုကြောင့်  စစ်သည်နှစ်ဦး သေဆုံး

 

    ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မတ်လ ၅ ရက်က လုပ်ဆောင်သည့် စစ်ရေး လေ့ကျင့်မှုတစ်ခုအတွင်း စစ်သုံးမော်တော်ယာဉ်တစ်စီး၏    ဝင်တိုက်မှုကြောင့်  စစ်သည်နှစ်ဦး သေဆုံးခဲ့ကြောင်း   သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒရောစကိုပိုမော့စကီးမြို့ရှိ ကြည်းတပ် လေ့ကျင့်ရေးကျောင်း တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ပိုလန်တပ်ထိန်းတပ်ဖွဲ့မှ ဗိုလ်မှူးသောမတ်ဇစ်မွန့်က ပြောသည်။

ယခုလုပ်ဆောင်သည့် စစ်ရေးလေ့ကျင့်မှုသည် နေတိုးတပ်ဖွဲ့၏ လေ့ကျင့်မှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပိုလန်နိုင်ငံသည် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းမှ ထွက်ပေါ်လာ နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ စိုးရိမ်ခြင်းကြောင့် နေတိုးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်ဆံလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။