မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရပြီး အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိ

 

မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရပြီး အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိ

 

နေပြည်တော်၊ မတ် ၆

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၁ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ဝင်ရောက်မီးရှို့ခဲ့ခြင်းကြောင့် အိမ်ခြေတစ်ရာနီးပါးပျက်စီးခဲ့ကြောင်း  တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်ပေါ်တွင် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့်ကို တွေ့ရှိရသည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းရက်များတွင် ခိုးသန်းကျေးရွာနှင့် အနီးတစ်ဝိုက်တို့တွင်  နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်း၊ သွားရောက်ခဲ့ခြင်းများ မရှိကြောင်းနှင့် ဒေသခံပြည်သူအချို့၏ သတင်းပေးပို့မှုအရ မတ်လ ၄ ရက်နေ့တွင် အဆိုပါကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့များ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တို့ကိုလည်း ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထင်အမြင်လွဲမှား စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။