(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၆

      (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမနှင့် မှန်ဆောင်ခန်းမ တို့၌ ကျင်းပပြုလုပ်သည်။

      အဆိုပါ (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအဆင့် အဆင့်(၄)ဆင့်တွင်  ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူ ၁၀၄ ဦး၏ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။