ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျောင်းတိုက်ရှိ သံဃာတော်များနှင့် ရပ်ကွက်ကြီး(၁) ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျောင်းတိုက်ရှိ သံဃာတော်များနှင့် ရပ်ကွက်ကြီး(၁) ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၆

      မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျောင်းတိုက်ရှိ သံဃာတော် များနှင့် ရပ်ကွက်ကြီး(၁)အတွင်းရှိ ဒေသခံပြည်သူများအား  ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ် ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၁၁၀ ပါးနှင့် ဒေသခံပြည်သူ ၂၀ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်‌ရေး စီစဉ်ဆောင်ရွက် ပေးသည်။

       ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အောင်ချမ်းသာကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ မဟာသဓာလင်္ကာရာဘိဝံသ အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သတင်းရရှိသည်။