အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးကို သတ်ဖြတ်ရာတွင် ပါဝင်သည့် အမေရိကန်အရာရှိများအား လုပ်ကြံရန် အီရန်က သူလျှိုများ ရှာဖွေဟုဆို

 

အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးကို သတ်ဖြတ်ရာတွင် ပါဝင်သည့် အမေရိကန်အရာရှိများအား လုပ်ကြံရန် အီရန်က သူလျှိုများ ရှာဖွေဟုဆို

အမေရိကန်အစိုးရက အီရန်စစ်ဘက်မှ ဗိုလ်ချုပ်ကြီးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းကို လက်တုံ့ပြန်ရန်အတွက် လုပ်ကြံသတ် ဖြတ်မှုတွင်ပါဝင်သည့် အမေရိကန်အရာရှိများအား လုပ်ကြံရန်အတွက် အီရန်ထောက် လှမ်းရေးအဖွဲ့က သူလျှိုများ ရှာဖွေလျက်ရှိကြောင်း   အက်ဖ်ဘီအိုင်က ထုတ်ပြန်သည်။

အမေရိကန်တို့သည် အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိများနှင့် အရာရှိဟောင်းများအား လက်တုံ့ပြန်ရန်အတွက် အီရန်ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ် မာဂျစ်ဒက်ဂျာနီဖာရာဟာနီ အမည်ရှိ အမျိုးသား တစ်ဦးက အမေရိကန်အတွင်း၌ သူလျှိုများ ရှာဖွေလျက်ရှိကြောင်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ထားသည်။

အီရန်က တုံ့ပြန်သတ်ဖြတ်ရန် စီစဉ်ထားသူများတွင် ယခင်အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှ အရာရှိများ၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ လုပ်ကြံမှုတွင် ပါဝင်သည့် အမေရိကန် စစ်ဘက်အရာရှိများနှင့် အခြားအရာရှိများ ပါဝင်ကြောင်း သိရသည်။

အီရန်၏  လက်တုံ့ပြန်မည်ဟူသော ခြိမ်းခြောက်မှုများကြောင့်  ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှ အမျိုးသားအကြံပေး ဂျွန်ဘော် တန်နှင့်  အခြားအကြံပေး တစ်ဦးဖြစ်သူ ရောဘတ်အိုဘရိုင်တို့အား အမေရိကန် အစိုးရက တစ်နှစ်လျှင် ဒေါ်လာ ၁၂ သန်း အကုန်အကျခံ၍ ၎င်းတို့၏ ၂၄ နာရီလုံခြုံ ရေးအတွက် စီစဉ်ပေးထားရကြောင်း သိရသည်။

အက်ဖ်ဘီအိုင် အဖွဲ့သည်  လက်ရှိတွင် ဒက်ဂျာနီဖာရာဟာနီအား   စစ်ဆေးရန်အတွက် လိုက်လံ ရှာဖွေလျက်ရှိသည်။

Ref: RT,  Msn