လကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်စက်ရုံ ပူးတွဲတည်ဆောက်ရန် ရုရှားနှင့် တရုတ်စဉ်းစားလျက်ရှိ

 

လကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်စက်ရုံ ပူးတွဲတည်ဆောက်ရန် ရုရှားနှင့် တရုတ်စဉ်းစားလျက်ရှိ

ရုရှားနှင့်တရုတ်နိုင်ငံတို့သည် လကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံ ကို ပူးတွဲတည်ဆောက်ရန် စဉ်းစားလျက်ရှိကြောင်း ရုရှားအာကာသအေဂျင်စီ (Roscosmos) အကြီးအကဲ ယူရီဘိုရီဆော့က ပြောသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့အနေဖြင့် အနာဂတ်ကာလတွင် လကမ္ဘာပေါ်၌ လူသားများ အခြေချနေထိုင်နိုင်ရန်နှင့် စွမ်းအင်ထုတ် လုပ်ရန်အတွက် နျူကလီးယားစွမ်းအင်စက်ရုံ ကို လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း လကမ္ဘာ ပေါ်၌ တည်ဆောက်ရန်စဉ်းစားနေခြင်းဖြစ် ကြောင်း၊ ထိုသို့တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာကိုထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဘိုရီဆော့က မတ်လ ၅ ရက်တွင်ပြောသည်။

လကမ္ဘာပေါ်တွင် ဆိုလာပြားများကို အသုံးပြုခြင်းအားဖြင့် စွမ်းအင်ထုတ်လုပ်ရာတွင် လုံလောက်မှု မရှိနိုင်သောကြောင့် နျူကလီးယားစွမ်းအင်ကို အသုံးပြုရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရုရှားနှင့်တရုတ်တို့အနေဖြင့် ၂၀၃၃-၂၀၃၅ ခုနှစ်ခန့်လောက်တွင် လကမ္ဘာ၏ မျက်နှာပြင်တွင် နျူကလီးယား စက်ရုံတစ်ရုံကို တည်ဆောက်ရန်စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နျူကလီးယားစက်ရုံအတွက် လိုအပ်သည့် ဓာတ်ပေါင်းဖိုကိုမူ  Robotics နည်းပညာကို အသုံးပြု၍ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

လကမ္ဘာ၏မျက်နှာပြင်တွင် နျူကလီးယားစက်ရုံတစ်ရုံကို တည်ဆောက်ခြင်းသည် ခက်ခဲသောစိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း လူသားများ၏ လုပ်အားကို အသုံးပြုခြင်းမရှိဘဲ Robotics နည်းပညာကိုသာ အသုံးပြုလုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Ref: RT