အိုမန်ပင်လယ်ကွေ့၌ ထိန်းသိမ်းခဲ့သည့် လောင်စာဆီတင်သင်္ဘောမှ ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိရေနံစိမ်းများကို အီရန်သိမ်းယူ

 

အိုမန်ပင်လယ်ကွေ့၌ ထိန်းသိမ်းခဲ့သည့် လောင်စာဆီတင်သင်္ဘောမှ ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိရေနံစိမ်းများကို အီရန်သိမ်းယူ

အိုမန်ပင်လယ်ကွေ့၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် လောင်စာဆီတင်သင်္ဘောမှ ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ရေနံစိမ်းများကိုသိမ်းယူရန် အီရန်တရားရုံးတစ်ခုက အမိန့်ချလိုက်ကြောင်း Mehr သတင်းဌာနက မတ်လ ၆ ရက်တွင် ဖော်ပြသည်။

Advantage Sweet ဟု အမည်ပေးထားသည့် အဆိုပါသင်္ဘောမှာ ရေနံစိမ်းများ အား အမေရိကန်သို့ သယ်ဆောင်နေစဉ် အီရန်ရေတပ်က ပြီးခဲ့သည့်နှစ်အတွင်း၌ အိုမန်ပင်လယ်ကွေ့တောင်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အစိုးရက အီရန်အပေါ် တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ယင်းသင်္ဘောပေါ်တွင် တင်ဆောင်ထားသည့် ရေနံစိမ်းများအား  အီရန်က သိမ်းယူလိုက်ခြင်းဖြစ်သည်။

Advantage Sweet သင်္ဘောသည် အီရန်ရေတပ်၏ သိမ်းယူခြင်းကိုမခံရမီ အီရန်ငါးဖမ်းသင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ကြောင်း၊ ထို့ကြောင့် အီရန်ရေတပ်က ယင်းသင်္ဘောအား သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း   သိရသည်။

Ref: Xinhua