(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

(၇၉)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် - ၇

         (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမနှင့် နယ်မြေခံ သင်တန်းကျောင်းခန်းမ တို့၌ ကျင်းပပြုလုပ်သည်။

         အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအဆင့် အဆင့်(၄)ဆင့်တွင်  ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူများ၏ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်တို့မှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။