နှစ်နိုင်ငံကြားဆက်ဆံရေး ကောင်းမွန်လာသော်လည်း အမေရိကန်က ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်း မရှိဟု ဝမ်ယိပြော

 

နှစ်နိုင်ငံကြားဆက်ဆံရေး ကောင်းမွန်လာသော်လည်း အမေရိကန်က ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်း မရှိဟု ဝမ်ယိပြော

တရုတ်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးကောင်းမွန်   လာခဲ့သော်လည်း အမေရိကန်က ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ်လ ၇ ရက်တွင် ပြောသည်။

တရုတ်နှင့် အမေရိကန်တို့ကြား မကြာမီလများအတွင်း ဆက်ဆံရေးအချို့ကောင်းမွန် တိုးတက်ခဲ့သော်လည်း အမေရိကန် အစိုးရအနေဖြင့် တရုတ်နိုင်ငံအပေါ် အမြင်မှားယွင်းနေဆဲဖြစ်ပြီး  နိုင်ငံအပေါ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်လျက်ရှိကြောင်း ဝမ်ယိက  မတ်လ ၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

တရုတ်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးသည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိ ကန်သမ္မတ  ဂျိုးဘိုင်ဒင်တို့ကြား  ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ နည်းပညာကဏ္ဍများ၌ ဆက်ဆံမှုတိုးတက်လာသည့် အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် အမေရိကန်အစိုးရသည် အဆင့် မြင့်နည်းပညာများဖြစ်သည့် ကွန်ပျူတာ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်  မှတ်ဉာဏ်တု နည်းပညာထုတ်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့တင်ပို့မှုအပေါ်  ထိန်းချုပ်မှုများ ဆက်လက်ချမှတ်ထားသည်။ ထို့ပြင် အဆိုပါထိန်းချုပ်မှုများကို ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင်  ပိုမိုတင်းကျပ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ တိုးတက်မှုကို ထိန်းချုပ်ရန် သို့မဟုတ် ကန့်သတ်တားမြစ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တုံ့ပြန်ထားသည်။

Ref: ST