နိုင်ငံတော် အစိုးရ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းမှုတို့ အကြား ကွဲပြားခြားနားမှုများ

 

နိုင်ငံတော် အစိုးရ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းမှုတို့ အကြား ကွဲပြားခြားနားမှုများ

 

    မင်္ဂလာပါရှင် ကျွန်မကတော့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မတင်ဆက်ပေးမယ့် အကြောင်းအရာ ကတော့ နိုင်ငံတော်အစိုးရက ထုတ်ပြန်လိုက် တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ EAO  အဖွဲ့တွေကြားထဲမှာ လူသစ်စုဆောင်းမှုတွေရဲ့ ကွဲပြားခြားနားမှုတွေကို ကျွန်မတင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းတွေ မပြောခင်မှာ ကျွန်မ ဥပဒေအကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။ ဥပဒေဆိုတာ ဟာ လူအချင်းချင်း ဆက်ဆံပေါင်းသင်းတဲ့ နေရာမှာ  တရားမျှတမှုရှိစေဖို့  အထိန်း အကျောင်း အကွပ်အကဲတစ်ခုသဖွယ်ဖြစ် စေဖို့အတွက် သူတို့ကို အုပ်ချုပ်တဲ့ အစိုးရ ကနေ သတ်မှတ်ပေးထားတဲ့ စည်းကမ်းစု တစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာလောကကြီးမှာ တရားဥပဒေစိုးမိုးမှုသာ မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ နေ့စဉ်လူမှုဘ၀ ဖြစ်တဲ့ စားဝတ်နေရေးပေါ့နော်။ ဒီကိစ္စတွေ မှာ အန္တရာယ်ရှိလာနိုင်သလို၊ လုံခြုံအေးချမ်း မှု၊ တည်ငြိမ်မှု၊ တရားမျှတမှုတွေလည်း ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံ တစ်ခုတည်မြဲဖို့ဆိုလို့ရှိရင် တရားဥပဒေဟာ အဓိကကျပါတယ်။ တရားဥပဒေတည်ရှိ နေဖို့လိုအပ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ဆိုရင်လည်း မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသူ၊ တိုင်းရင်းသား အားလုံး အတွက် လုံခြုံဖို့၊ တည်ငြိမ်အေးချမ်း ငြိမ်ဝပ် ပိပြားဖို့၊ ပြီးရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဥပဒေအားလုံးရဲ့ MOTHER LAW လို့ခေါ်ဆိုနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ သူကတစ်ဆင့် စီးဆင်း လာတဲ့ ဥပဒေတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံ ရေး၊ စီးပွားရေး၊လူမှုရေး စတဲ့ ကဏ္ဍအသီး သီးမှာ တရားဥပဒေစိုးမိုးမှု ရှိစေဖို့အတွက်  အဆင့်ဆင့် လွှမ်းခြုံထားတာဖြစ်ပါတယ်။

လက်ရှိကာလ ကမ္ဘာ့အရေး၊ မြန်မာ့အရေး တို့အရ ကျွန်မတို့  မြန်မာနိုင်ငံတော်မှာ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့် ရှောက်ဖို့၊ နောက်တစ်ခုက ကျတော့ မြန်မာ နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လာပြီဖြစ်တဲ့အတွက် ကျွန်မတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာတည် စေခဲ့ပြီးဖြစ်ပါတယ်။  ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ  အခန်း ရှစ်ခန်း ပါဝင်ပါတယ်။ အခန်း ရှစ်ခန်းမှာလည်း သူ့တစ်ခန်းစီ တစ်ခန်းစီလိုက် သတ်မှတ်ပြဋ္ဌာန်းချက်တွေကို ရှင်းရှင်းလင်းလင်းနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့နိုင်ငံက နိုင်ငံတော်အစိုးရအနေနဲ့ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို  တုပပြီးတော့ EAO အဖွဲ့တွေက သူတို့နေထိုင်ရာဒေသတွေမှာ တိုင်းရင်းသားပြည်သူတွေကို စစ်မှု မထမ်းမနေရဆိုပြီးတော့  အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေကို လုပ်ဆောင် လာကြတာဖြစ်ပါတယ်။ ဒီနဗဥ တွေဟာ သူတို့ အဖွဲ့အစည်းတွေ  အင်အားတောင့်တင်းဖို့အတွက် ငွေအင်အားလိုအပ်ပါတယ်။ လိုအပ်တဲ့ ငွေအင်အားကို သူတို့ဘယ်ကရမှာလဲ။ သုံးချက်ပဲရှိပါတယ်။ ပထမတစ်ချက်ကတော့ မူးယစ်ဆေးပေါ့။ အကြီးအကျယ် ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်တယ်။ ဒီလို ကျွန်မပြောတာက   သက်သေသာဓကမဲ့ ပြောတာမဟုတ်ပါဘူး။ ဒါဟာရက်ပိုင်း လတ်တလောအတွင်းမှာ AA အဖွဲ့က လုပ်ဆောင်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို နိုင်ငံတော်အစိုးရက မိထားတယ်။ ဒီလိုမိတဲ့အတွက် သူတို့ဆီက ပါဝင်ပတ်သက် နေသူတွေ အကုန်လုံးက ပြန်ဖြေတာကိုလည်း  သတင်းမီဒီယာတွေမှာ ပြန်လည်ထုတ်လွှင့်ပြီးသား ဖြစ်ပါတယ်။ ဒါက ပထမအချက်ပါ။ ဒုတိယတစ်ချက် ငွေရနိုင်တဲ့ လမ်းကြောင်းကတော့ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်တာ ဖြစ်ပါတယ်။ တရားမဝင်လုပ်ငန်းဆိုတာကတော့ အားလုံးသိကြတဲ့ပြည်သူတွေကို ဒုက္ခ ရောက်စေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ လောင်း ကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာတို့၊ လူကုန်ကူးတာတို့၊ နောက်တစ်ခုက ကျောက်စိမ်းနဲ့ သစ်တွေခိုးထုတ်တာတို့၊ ဒါမျိုးတွေကပဲ သူတို့ငွေရတာဖြစ်ပါတယ်။ နောက်ဆုံး တတိယတစ်ချက်ကတော့   သူတို့ဆက်ကြေး ကောက်တာဖြစ်ပါတယ်။  တစ်ရွာဘယ်လောက် ငွေကောက်တာရှိတယ်။ ရိက္ခာစို  ရိက္ခာခြောက်တွေ ကောက်တာရှိတယ်။ ဒီလိုမျိုးတွေနဲ့သူတို့တွေ ဆက်ကြေးကောက်တာ ဖြစ်ပါတယ်။    ဒီလိုရပေါက်ရလမ်းသုံး ခုကနေ ငွေတွေ ဝင်လာတာဖြစ်ပါတယ်။ ဒီငွေနဲ့လက်နက်တွေ ဝယ်တယ်။ သူတို့အင်အားကို ချဲ့ထွင်တယ်။ သူတို့အင်အားတွေ ပိုမိုခိုင်မာတောင့်တင်း စေဖို့အတွက် လူသစ်တွေ စုဆောင်းတာမျိုးဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မက တိုင်းရင်းသား EAO အဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုပုံစံတွေကို   ကျွန်မတင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအဖွဲ့ကတော့ KIA ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး မြောက်ပိုင်းတို့မှာ လူမျိုးမရွေး ကျားမ မရွေး အသက် ၁၈ နှစ်ပြည့်ပြီ ဆိုတာနဲ့ သူတို့အဖွဲ့မှာ စစ်မှုထမ်းဖို့အတွက် စုဆောင်းနေတာဖြစ်ပါတယ်။  လစာရိက္ခာ ခံစားခွင့်တွေကိုလည်း တင်ပြထားတာမျိုး တစ်ခုမှမရှိပါဘူး။ နောက်တစ်ဖွဲ့ကတော့ MNDAA  အဖွဲ့ကဆိုလို့ရှိရင် သူတို့သိမ်းပိုက်ထားတဲ့ မုံးကိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကိုးကန့်စသည့် ဒေသလေးခုမှာရှိတဲ့ နေထိုင်နေတဲ့  လူမျိုးမရွေး အသက် ၁၆ နှစ်မှ ၅၀ ကြားထိ အမျိုးသားအားလုံး စစ်မှုထမ်းဆောင်ရမယ် ဆိုပြီးတော့ သူတို့ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။   ဒီအိမ်ထောင်စုတစ်စုမှာ အမျိုးသားနှစ်ဦးနဲ့အထက် ရှိမယ်ဆိုရင် တစ်ဦး၊ အမျိုးသားက ငါးဦးနဲ့အထက်ရှိမယ် ဆိုရင်  နှစ်ဦး စစ်မှုထမ်းဆောင်စေတာ ဖြစ်ပါတယ်။ သူတို့အိမ်ထောင်စုစာရင်းတွေ ပြခိုင်းတယ်။ အိမ်ထောင်စုစာရင်းတွေကို မပြနိုင်ဘူး   ဒီလူတွေမရှိဘူးဆိုရင် ဒီနေရာမှာ ဒီလူတွေမရှိဘူး ဆိုပြီးတော့ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့က သိမ်းယူမှာ ဖြစ်ကြောင်းကိုလည်း ပြောကြားထားတာ တွေ့ရပါတယ်။ ဒါဟာ အတင်းအဓမ္မ လူသစ်စုဆောင်း နေတာပဲဖြစ်ပါတယ်။ နောက်တစ်ဖွဲ့ကတော့ TNLA ကတော့ အသက် ၁၆ နှစ်ပြည့်ပြီဆိုတဲ့ ဒီလူငယ်တွေဟာ မိမိတို့ရဲ့ စိတ်ဆန္ဒအရ    သူတို့အဖွဲ့ထဲကို ဝင်ရောက်နိုင်တယ်။    ဒီလိုမှမဟုတ်ဘဲ  တအာင်းမိသားစု တစ်စုမှာ   ဆိုလို့ရှိရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားနှစ်ဦးနဲ့ အထက်ရှိလို့ရှိရင် တစ်ဦးက သူတို့အဖွဲ့မှာ တာဝန်ထမ်းဆောင်ရမယ် ဆိုပြီး ပြောထားတာဖြစ်ပါတယ်။ ဒီလိုပဲ တအာင်းမိသားစု တစ်စုမှာ အသက် ၁၈ နှစ်နဲ့ ၂၅နှစ်ကြား အမျိုးသမီးနှစ်ဦးနဲ့ အထက်ရှိလျှင် တစ်ဦးက သူတို့အဖွဲ့မှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်။ ဒီလိုပုံစံနဲ့ ဒါသူတို့ လူသစ် စုဆောင်းနေတာဖြစ်ပါတယ်။ ဒီမည်သည့် နေရာမှာ  မည်သည့်တာဝန် ထမ်းဆောင်ရမည်ဆိုတဲ့ အကြောင်းကိုလည်း   သူတို့တိတိကျကျ ဖော်ပြထားခြင်းလည်း မရှိပါဘူး။

ဒီ  SSPP အဖွဲ့ကတော့  မိသားစုတစ်စုမှာ အမျိုးသားနှစ်ဦးနဲ့ အထက်ရှိလျှင် တစ်ဦးဟာ စစ်မှုထမ်းဆောင်ရမည်ဆိုတဲ့ အကြောင်းကို သူတို့ကပြောထားတယ်။ ပြီးရင်ကျေးရွာ အကြီးအသေးပေါ်မှာလိုက်ပြီး တစ်ရွာကို လေးဦးကတော့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်။ ဒီလိုမျိုးမဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ် ဆိုပြီးတော့ သူတို့ကအတင်းအဓမ္မ လူသစ်စုဆောင်းတာမျိုးတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ နောက်တစ်ဖွဲ့ AA ကတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့  သူတို့ရဲ့သြဇာခံဖြစ်တဲ့  အမာခံ ကျေးရွာရပ်ကွက်   အုပ်ချုပ်ရေးမှူးတွေ ရဟန်းသံဃာတွေမှ တစ်ဆင့် ပြီးရင် လူမျိုးရေးကို အကြောင်းပြပြီးတော့   သူတို့က ဒီနယ်မြေမှာရှိတဲ့ သေနတ်ကိုင်နိုင်တဲ့ ကျား မ မရွေး စစ်မှုထမ်းဆောင် ရမယ်ဆိုပြီး ဒါမျိုးနဲ့ စုဆောင်းနေတာဖြစ်ပါတယ်။  သူတို့မှာ အသက်အရွယ် ကန့်သတ်ချက်တွေလည်း ဖော်ပြမထားဘူး ဘယ်နေရာမှာ ဘာတာဝန်ထမ်းဆောင်ရမယ် ဆိုတာတွေကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။ နောက်တစ်ခုကတော့ UWSA ကတော့ သူတို့နယ်မြေအတွင်းမှာ အသက် ၁၆ နှစ်ကစပြီးတော့ အိမ်ထောင်စု တစ်စုလျှင်  တစ်ဦးနှုန်း ကျားမ မရွေး တာဝန်ထမ်းဆောင်စေဖို့  ဖြစ်ပါတယ်။နောက်တစ်ဖွဲ့ကတော့  NDAA ကတော့ ဒါသူတို့နယ်မြေအတွင်းမှာ ၁၆ နှစ်နဲ့ ၃၅နှစ်ကြား   ကျားမအားလုံးကို တာဝန်ထမ်းဆောင်စေတာ ဖြစ်ပါတယ်။နောက်တစ်ဖွဲ့ကတော့ KNPP ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ကယားပြည်နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ တစ်အိမ်ကို တစ်ယောက်နှုန်း   အသက်အပိုင်းအခြား အရဆိုရင် အသက် ၁၅ နှစ်မှ ၄၀ နှစ်ကြား ကျားမ မရွေးတာဝန် ထမ်းဆောင်စေတာဖြစ်ပါတယ်။

ဒီတော့  UWSA? NDAA? KNPP တို့မှာလည်း လစာစရိတ် ခံစားခွင့်နဲ့ ပတ်သက်လို့   ပွင့်လင်းမြင်သာစွာ တင်ပြထားတာ မရှိဘဲနဲ့  စုဆောင်းနေတာမျိုး ဖြစ်ပါတယ်။

နောက်တစ်ဖွဲ့ကတော့ KNU  ကတော့ သူတို့ ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့   ကရင်လူမျိုးတွေ နေထိုင်တဲ့ အိမ်ထောင်စုတိုင်းဟာ အသက် ၁၈ နှစ်အထက် ကျားမ မရွေး အိမ်ထောင်စုအင်အားရဲ့ သုံးပုံတစ်ပုံခန့်ဟာ တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။အချိန်ကာလ ကန့်သတ်ချက်တွေ အသက်အရွယ်ကို   ဘယ်မှာ စထမ်းဆောင်ပြီး ဘယ်မှာစပြီးဆုံးမယ်ဆိုတဲ့ အသက်အရွယ် ကန့်သတ်ချက်တွေ သူတို့မှာလည်း မရှိနေပါဘူး။ နောက်တစ်ဖွဲ့ကတော့ CNF ဖြစ်ပါတယ်။ CNF အဖွဲ့ကတော့    သူတို့ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေကနေ တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်း အသက် ၁၅ နှစ်မှ ၅၀ ကြား ကျားမ မရွေး စစ်မှုထမ်းဆောင်စေတာ ဖြစ်ပါတယ်။ ဒီ CNF မှာဆိုရင်လည်း  ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ရမယ်ဆိုတာကို တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ဒါတွေကတော့ EAO အဖွဲ့တွေရဲ့ လူသစ်စုဆောင်းနေတဲ့ ပုံစံတွေပဲဖြစ်ပါတယ်။ နံပါတ် ၁ ဘယ်လိုလစာရိက္ခာတွေ ဘယ်လိုခံစားခွင့်တွေ ပေးမယ်ဆိုတာကို တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။ နံပါတ် ၂ ဘယ်အချိန် ဘယ်ကာလအထိ တိတိကျကျ တာဝန်ထမ်းဆောင်မယ်ဆိုတာ ဖော်ပြမထားဘူး။ နံပါတ် ၃ ဘယ်နေရာမှာ ဘယ်တာဝန်ကိုပေးပြီး ဘာလုပ်ရမယ်ဆိုတာ မဖော်ပြထားပါဘူး။ နောက်အဆိုးဆုံး အချက်ဆိုရင် တော့  အသက်မပြည့်သေးတဲ့ သူတွေကို ဒါတပ်သားသစ် စုဆောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အသက် ၁၅ နှစ် ၁၆ နှစ် အသက်အရွယ် မရောက်သေးတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုမျိုးတွေနဲ့ စုဆောင်းနေတာဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်မတို့နိုင်ငံအတွက် အန္တရာယ်တွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေး စကားပြောပြီးတော့ လက်တွေ့မှာ ပြဒါးတစ်လမ်း သံတစ်လမ်းနှင့် တခြားစီလုပ်နေတာတွေကို   တွေ့မြင်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာဆိုရင် လစာရိက္ခာ ခံစားခွင့် တွေဟာ ကျွန်မတို့အခုလက်ရှိ စစ်မှုထမ်းတွေနည်းတူ  ရရှိမယ်ဆိုတဲ့အကြောင်း၊ ဘယ်အချိန်ဘယ်ကာလ အထိ တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အကြောင်း တိတိကျကျဖော်ပြထားပြီး ဖြစ်ပါတယ်။ ကျားမအကုန်လုံးလည်း မသတ်မှတ်ထားဘူး။   အခုလတ်တလောဆိုရင်  အမျိုးသမီးများအား ပြည်သူ့စစ်မှုထမ်း ဥပဒေကနေပြီးတော့ ခေါ်ယူခြင်း မရှိသေးကြောင်း   တရားဝင် ထုတ်ပြန်ထားတာမျိုး    ဖြစ်ပါတယ်။

ဒီ EAOတွေကတော့ ဒါမိသားစုရဲ့ ဦးရေပေါ်မှာ မူတည်ပြီး စုဆောင်းတယ်။ ပြီးရင် ကျေးရွာအကြီးအသေးပေါ်မှာ မူတည်ပြီး မဝင်မနေရစနစ်နဲ့  ပုတ်ပြတ်တောင်းပြီး စုဆောင်းတယ်။ ထွက်ပြေးလို့မရဘူး။ လစာမရဘူး။ ရိက္ခာမရဘူး။ ထွက်ပြေးတိမ်းရှောင်တာတွေ လုပ်ခဲ့မယ်ဆိုလို့ရှိရင်   ကျန်ခဲ့တဲ့ ပစ္စည်းတွေကို အပိုင်သိမ်းမယ်။ သင်္ကန်း ဝတ်ထားရင်တောင်   သင်္ကန်းကိုချွတ်ပြီးတော့ လူဝတ်လဲခိုင်းပြီး လူသစ်စုဆောင်းတယ်။ မူးယစ်ဆေးဝါး သုံးတယ်လို့ နာမည်တပ်တယ်။ ဖမ်းမယ်ပြီးရင် လူသစ်စုမယ်။ တိုက်ပွဲဖြစ်ရင် ရှေ့ဆုံးကနေ  အသေခံတိုက်ခိုင်းမယ်။ ဒါဥပဒေနဲ့ စုတာမဟုတ်ပါဘူး။ ဒါက လက်နက်ကိုင်ခြိမ်းခြောက်ပြီးတော့ အကြောက်တရားနဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းနေတာမျိုးတွေ ဖြစ်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်း ဥပဒေပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီးတော့ ကြိုဆိုထောက်ခံတဲ့ သူတွေလည်းရှိသလို ဒီပြည်သူ့စစ်မှုထမ်း ဥပဒေကို မကြိုဆိုတဲ့သူတွေ၊ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒီလိုမကြိုဆိုတဲ့သူတွေ မကြိုဆိုတဲ့ အဖွဲ့အစည်းတွေရဲ့ ကျေးဇူးခံကျေးဇူးစား   အဆိပ်သင့်မီဒီယာတွေက အကျင့်ပျက် မီဒီယာတွေကနေပြီးတော့ ပြည်သူတွေ စိုးရိမ်မှုဖြစ်လာအောင် မဟုတ်မမှန် လိမ်လည်သတင်းတွေနဲ့ ဖွကြတာဖြစ်ပါတယ်။ ဥပမာ တပ်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ရှေ့တန်းကိုတစ်ခါတည်း လိုက်ရမှာ။ စစ်ကတစ်ခါတည်း တိုက်ရမှာမျိုး။ ဘယ်နေရာမှာတော့ ဘယ်နှယောက်တော့ ပေါ်တာဆွဲသွားပြီဆိုတာမျိုး။ ဒါမျိုးတွေနဲ့ ပြည်သူတွေကို ထိတ်လန့်မှုဖြစ်အောင် ပြည်သူတွေ စိုးရိမ်မှုဖြစ်အောင်လို့ သတင်းတွေကို ဖွနေကြတာမျိုး ဖြစ်ပါတယ်။ သတိပြုရမယ့်အချက်က အဆိပ်သင့်နေတဲ့ မီဒီယာတွေရဲ့ ဦးတည်ချက်ဟာ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီး ပြိုကွဲရေးကို ဦးတည် လုပ်ဆောင်နေတာဖြစ်ကြောင်း နိုင်ငံသူနိုင်ငံသားတိုင်းက သတိချပ်ရမှာဖြစ်ပါတယ်။ မိဘပြည်သူတွေ အနေနဲ့ အရာရာကို    ဦးနှောက်နဲ့ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်စွမ်းရှိရမှာဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတိုင်းလျှောက်လှမ်းတဲ့ ခြေလှမ်းတွေဟာ ပန်းတိုင်မမှားဖို့ လိုအပ်ပါတယ်။အဆိပ်သင့်နေတဲ့ မီဒီယာတွေရဲ့ စကားကိုနားယောင်ပြီး ဆုံးဖြတ်ချက်တွေ မမှားဖို့ လိုအပ်သလို   ကျောချမှဓားပြမှန်း သိတဲ့ အဖြစ်မျိုး မရောက်ဖို့လိုအပ်ပါတယ်။ ဒီတော့ပြန်လမ်းလည်း မရှိဘူး။ ဥပဒေလည်းမရှိဘူး။   တရားမျှတမှုလည်း မရှိဘူးဆိုတဲ့လမ်းကိုရွေးမှာလား၊ နိုင်ငံတော်အစိုးရက ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဂုဏ်သိက္ခာရှိရှိ နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ပြီး မိမိဖြတ်သန်းခဲ့တဲ့ အရင်ဘဝလေးကို   ပြန်သွားမလားဆိုတာကို နိုင်ငံသူ နိုင်ငံသားတွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်ရှင်။    

အားလုံးကို ကျေးဇူးတင်ပါတယ်။