၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  မတ်  ၈

    မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝူရှူးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍  ၂၀၂၃-၂၀၂၄  ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် ဝူရှူး(ထောက် လု)ပြိုင်ပွဲများဖြစ်သည့် (အမျိုးသား/အမျိုး သမီး)  Form (B) ၁၂ နှစ်အထက် ကျန့်စု ပြိုင်ပွဲ၊ သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲနှင့် (အမျိုးသား) ထိုက်ကျိကျန့်ပြိုင်ပွဲ ပွဲစဉ်များ အား လည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) Form(C) ၁၂ နှစ်အောက် သောင်းစုပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲ၊ ထိုက်ကျိကျန့်ပြိုင်ပွဲ၊ (အမျိုးသား)ကျန့်စုပြိုင်ပွဲနှင့် (အမျိုးသမီး)  Form (C) ၁၂ နှစ်အထက် ထိုက်ကျိကျန့် ပြိုင်ပွဲ ပွဲစဉ်များအား လည်းကောင်း၊ ဝူရှူး (ဆန်းဆို) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (အမျိုးသား/အမျိုးသမီး) ၄၈ ကီလို၊ ၅၂ ကီလို၊ ၅၆ ကီလို၊ ၆၀ ကီလိုပြိုင်ပွဲ၊ (အမျိုးသမီး) ၄၅ ကီလိုပြိုင်ပွဲနှင့် (အမျိုးသား) ၇၀ ကီလို၊ ၇၅ ကီလို၊ ၆၅ ကီလိုပြိုင်ပွဲ ပွဲစဉ်များအား လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ  တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ   လာရောက် ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ် ၉ ရက် (ယနေ့)တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲ ပွဲစဉ်များနှင့် (ဆန်းဆို)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း   သိရသည်။