မြောင်းမြမြို့နယ်၌ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် MCCT ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်

 

မြောင်းမြမြို့နယ်၌ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် MCCT ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်  မြောင်းမြမြို့နယ်၌  တတိယသုံးလပတ် အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများကို   လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် MCCT ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ပွဲ  အခမ်းအနားကို မတ်လ  ၈  ရက်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   မြရွှေဝါခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာ  စကားပြောကြားသည်။ ထို့နောက် မြောင်းမြ မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၀၉၈ ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၂၉၄၀၀၀၀၊ MCCT ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေး ၆၀၅၇ ဦးအတွက် စုစုပေါင်း ငွေကျပ် ၉၀၈၅၅၀၀၀ နှင့်  ပထမသုံးလပတ်  ထပ်တိုးကိုယ်ဝန်ဆောင်မိခင် ၅၆၆ ဦးနှင့် အသက်နှစ်နှစ်အောက် ကလေး ၃၄၈ ဦး စုစုပေါင်း ၉၁၄ ဦးအတွက် ငွေကျပ် ၃၅၃၄၀၀၀၀ တို့အား မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက်၊   ကျေးရွာအုပ်ချုပ်ရေးမှူးများက    လက်ခံရယူခဲ့ကြောင်း သိရသည်။         

ဇေယျာ(ပြန်/ဆက်)