မြောင်းမြမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငရုတ် ၄၇၉၁ ဧက စိုက်ပျိုးပြီးစီး

 

မြောင်းမြမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငရုတ် ၄၇၉၁ ဧက စိုက်ပျိုးပြီးစီး

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်၌  ယခုဆောင်းသီးနှံစိုက် ပျိုးရာသီတွင် ငရုတ် ၄၇၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မိုးဝင်း၏ ပြောပြချက်အရ သိရသည်။

ယခုဆောင်းသီးနှံ   စိုက်ပျိုးရာသီတွင် မြောင်းမြမြို့နယ်၌  ငရုတ် ၄၇၉၁  ဧကကို ၂၀၂၃  ခုနှစ်  နိုဝင်ဘာလပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ၄၇၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ငရုတ်များ  အခက်အခဲမရှိစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူ များ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း  သိရ သည်။

မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဒီဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ငရုတ်လျာထားချက်အတိုင်း ရာနှုန်းပြည့် စိုက်ပျိုးနိုင်ဖို့   လိုအပ်တာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။     တောင်သူတွေလည်း မျိုးကောင်း မျိုးသန့်တွေကို  စနစ်တကျရွေးချယ်စိုက်ပျိုးလာတာ တွေ့ရပါတယ်။ စိုက်ပျိုးထားတဲ့သီးနှံတွေ ပိုးမွှားအန္တရာယ် ကင်းရှင်းစေဖို့နဲ့    အထွက်နှုန်းကောင်းမွန်စေဖို့ အသိပညာပေးလုပ်ငန်းတွေကို   ဆောင်းသီးနှံ မစိုက်ပျိုးမီ အချိန်ကတည်းက ကြိုတင်ဆောင်ရွက်ပေးထားပါတယ်။   ဒါ့ပြင် တောင်သူအသိပညာပေး လုပ်ငန်းတွေကို လည်း    ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်  ဟု ဦးကျော်မိုးဝင်းကပြောသည်။

မြောင်းမြမြို့နယ်၌ ငရုတ်အပါအဝင် ဆောင်းသီးနှံများ  အောင်မြင်ဖြစ်ထွန်းစေရန်၊  ပိုးမွှားအန္တရာယ် ကင်းရှင်းစေရန်နှင့် အထွက်နှုန်းကောင်းမွန်စေရန်    ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ   ဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်း ကာ    တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရ သည်။                        

သုတကျော်