TikTok အပလီကေးရှင်းတိုက်ဖျက်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဟု ဂျိုးဘိုင်ဒင်ပြော

 

TikTok အပလီကေးရှင်းတိုက်ဖျက်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဟု ဂျိုးဘိုင်ဒင်ပြော

Tik Tok အပလီကေးရှင်းသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက်  စိုးရိမ်ဖွယ်ကိစ္စရပ်တစ်ခုဖြစ်လာခြင်းကြောင့် ယင်းအပလီကေးရှင်းအား  တိုက်ဖျက်ရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ပြောသည်။

တရုတ်နိုင်ငံ ByteDance နည်းပညာကုမ္ပဏီပိုင် TikTok အပလီကေးရှင်းအား လက်ရှိတွင် အမေရိကန်ပြည်သူ သန်း ၁၇၀ကျော်က အသုံးပြုလျက်ရှိရာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် အခြားအရာရှိများက လုံခြုံရေးနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ကိစ္စရပ်တစ်ခုအဖြစ် ထုတ်ဖော်ပြောကြားလျက်ရှိသည်။

ထို့ကြောင့် TikTokအပလီကေးရှင်း တိုက်ဖျက်ရေးအတွက်   ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် အမေရိကန် အောက်လွှတ်တော်ရှိ ကော်မတီတစ်ရပ်က မတ်လ ၇ ရက်တွင် တညီတညွတ်တည်း သဘောတူအတည်ပြုခဲ့ပြီးနောက် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် မတ်လ ၁၂ ရက် သို့မဟုတ် ၁၃ ရက်တွင် အောက်လွှတ်တော်၌  မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ သို့သော်  အောက်လွှတ်တော်ကော်မတီက အတည်ပြုခဲ့သည့် သဘောတူညီချက်အရ ယင်းမဲခွဲမှုတွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်းကို လွှတ်တော်အမတ်စုစုပေါင်း သုံးပုံနှစ်ပုံက သဘောတူညီရမည်ဖြစ်ကြောင်း သိရသည်။

Tik Tok အပလီကေးရှင်းတိုက်ဖျက်ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည့်   အစိုးရ၏ ကြိုးပမ်းချက်ကို လက်ရှိအမေရိကန်ဒုတိယသမ္မတမိုက်ပန့်စ်က   ထောက်ခံထားပြီး တရုတ်နိုင်ငံသည် Tik Tok အပလီကေးရှင်း ကို ဖန်တီးခြင်းအားဖြင့် အမေရိကန်ကလေးသူငယ်များ၏ စိတ်ကိုအဆိပ်ခတ်လျက်ရှိကြောင်း ပန့်စ်က ၎င်း၏တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။

အမေရိကန်သမ္မတဟောင်း  ဒေါ်နယ်ထရမ့် လက်ထက်ကလည်း  အမေရိကန်အစိုးရသည် Tik Tok အပလီကေးရှင်းနှင့် တရုတ်ပိုင် Wechat  အပလီကေးရှင်းတို့အား ၂၀၂၀ ပြည့်နှစ်အတွင်း၌ တားမြစ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

Ref: ST