ရေအရင်းအမြစ်ဆိုင်ရာကျွမ်းကျင်ပညာရှင်  Dr.Massimo Sarti အား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လက်ခံတွေ့ဆုံ

 

ရေအရင်းအမြစ်ဆိုင်ရာကျွမ်းကျင်ပညာရှင်  Dr.Massimo Sarti အား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လက်ခံတွေ့ဆုံ

ရန်ကုန်  မတ်  ၉

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးတင်ဦးလွင်သည် အီတလီနိုင်ငံ University of March မှ ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အား   ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဦးစီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများတွင် ရေဝပ်၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် နောင်အလားတူ   သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာပါက ရှေးဟောင်းအဆောက်အအုံများ မထိခိုက်စေရန်အတွက် ရေလမ်းကြောင်းနှင့် ရေကန်များရှိ ပို့ချနေသော အနည်များအား ဖယ်ရှား၍ တူးဖော်ထိန်းသိမ်းပြုပြင်ရန်၊  ရေဝင်၊  ရေထွက်လမ်းကြောင်းများ မြေပုံရေးဆွဲရန်၊ ယဉ်ကျေးမှုနယ်မြေအတွင်းရှိ    ရေကန်၊ ဆည်များ ပြန်လည်တူးဖော်ထုတ်ရန်၊   ရေကန်များ၊ ချောင်းများ အပြန်အလှန်ချိတ်ဆက်မှု မရှိသည့်အတွက် ပြန်လည်သက်ဝင် လှုပ်ရှားလာအောင် ဆောင်ရွက်ရန်၊ ရှေးဟောင်းရေကန်များ   တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ လျာထားစီမံဆောင်ရွက်ထားရှိမှု၊   အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်     ပုဂံခေတ်ရေစီမံခန့်ခွဲမှုနှင့် ရှေးဟောင်းရေကန်နှင့် ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနေမှုများအား ကွင်းဆင်းလေ့လာ အကြံပြုသွားရေး ကိစ္စရပ်များကို    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။