ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၆)

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၆)

မင်္ဂလာပါရှင် ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးနေတဲ့နိုင်ငံတွေအကြောင်းကို တင်ဆက်ပေးနေတဲ့  ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်ဖြစ်ပါတယ်ရှင်။   ဒီတစ်ခါ ကျွန်မရွေးချယ်ထားတဲ့ နိုင်ငံလေးကတော့ ဆွစ်ဇာလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ   ဥရောပတိုက်မှာ တည်ရှိတာဖြစ်ပြီး တောင်ပတ်လည်ဝန်းရံနေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကတော့   အီတလီ၊ ဂျာမနီ၊ သြစတြီးယားနဲ့  ပြင်သစ်နိုင်ငံတို့ ဖြစ်ကြပါတယ်။ ဒီဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာ့အလှဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့   နိုင်ငံတစ်ခု ဖြစ်တဲ့အပြင် သန့်ရှင်းသပ်ရပ်မှုရှိတဲ့ နိုင်ငံတစ်ခု၊ အချိန်ကိုလည်းအတော်လေး လေးစားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ   သူတို့ရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၉၉၉ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ အသက်အရွယ်အပိုင်းအခြားအနေနဲ့ကတော့   အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေဟာ အခြေခံစစ်သင်တန်း (၁၈) ပတ်အပါအဝင် (၂၁) ပတ်ထမ်းဆောင်ရတာဖြစ်ပါတယ်။ သင်တန်းဆင်းပြီးတဲ့အချိန်

မှာတော့ သူတို့ဟာ (၃)ပတ် တပ်သားအဖြစ်နဲ့တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ ဒီစစ်မှုထမ်းရတဲ့ကာလဟာ (၂၁ )ပတ်ပဲရှိတာဖြစ်တဲ့အတွက် သူတို့ကိုတော့ သီးခြားတာဝန်တွေ ခွဲယူချထားပေးခြင်းတွေ မရှိပါဘူး။ ဒီ (၂၁) ပတ်  တာဝန် ထမ်းဆောင်ပြီးတဲ့အချိန်မှာ ဆက်လက်တာဝန်ထမ်းဆောင်ချင်စိတ် ရှိတယ်ဆိုရင် အရန်စစ်မှုထမ်း အဖြစ်သို့ ဆန္ဒပြုလျှောက်ထားနိုင်ပါတယ်။ အရန်စစ်မှုထမ်း အဖြစ်သို့ ရွေးချယ်တဲ့အချိန်မှာလည်း စစ်မှုမထမ်းမနေရ စနစ်ထဲကမှ ၁၅ ရာခိုင်နှုန်းလောက်ကိုပဲ ရွေးချယ်တာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ သူတွေကတော့ တန်းမြင့်သင်တန်းတွေကို တက်ရောက်ခွင့်ရပြီးတော့ အဆင့်ရာထူးတွေ တိုးမြင့်သွားကြတာ ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ တပ်ကြပ်အဆင့်နဲ့ဆိုရင် (၅) ပတ်၊ တပ်ကြပ်ကြီးအဆင့်နဲ့ဆိုရင် (၆)ပတ်၊ တန်းပြည့်စစ်မှုထမ်းချိန်ကတော့ (၈)ပတ်၊ တပ်ခွဲတပ်ကြပ်ကြီးအဆင့်နဲ့ဆိုရင် (၁၄)ပတ်နဲ့ ရှေ့တန်းစစ်ဆင်ရေး တာဝန်တွေအတွက် (၁၅) ပတ်ဆိုပြီးတော့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဗိုလ်အဆင့် အတွက်လည်း စာမေးပွဲတွေနဲ့ လက်တွေ့စစ်ဆေးခြင်းတွေရှိပါတယ်။ ဗိုလ်အဆင့်အတွက်ဆိုရင် သင်တန်းကာလအားဖြင့် (၄)ပတ် တက်ရောက်ရတာ ဖြစ်ပြီးတော့ သူတို့သည်     ရက်သတ္တပတ်ပေါင်း (၃၀)ကြာ တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ ဒီအရန်စစ်မှုထမ်းတွေကို တာဝန်ပေးအပ်မှုအနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ပြည်တွင်းမှာရှိတဲ့တပ်ရင်း၊  တပ်ဖွဲ့တွေမှာ သူတို့ရဲ့ကျွမ်းကျင်မှု အရည်အချင်းရယ်၊ သူတို့စိတ်ပါဝင်စားမှုရယ်ပေါ်မှာ မူတည်ပြီးတော့ တာဝန်တွေကို ခွဲဝေနေရာချထားပေးတာ ဖြစ်ပါတယ်။ အရန်စစ်မှုထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်လိုသူတွေဟာ သူတို့တပ်သားသစ် အဖြစ်နဲ့ တပ်ဝင်စစ်ဆေးစဉ်ကတည်းကိုက စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း အဆင့်မှာ သူတို့ဘယ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ချင်တယ် ဆိုတာကို ဒီစစ်ဆေးရေးဘုတ်အဖွဲ့နဲ့အတူ တိုင်ပင် ဆွေးနွေးနိုင်တာ ဖြစ်ပါတယ်။ အခုကျွန်မတင်ဆက်ပေး တာကတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပဲ ဖြစ်ပါတယ်ရှင်။  နိဂုံးချုပ်အနေနဲ့   ကျွန်မပြောချင်တာကတော့   နိုင်ငံသူနိုင်ငံသားတိုင်းမှာ ကိုယ်ချင်းစာတရားရှိရမှာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ ဝေဖန်လေကန်ဖို့၊ ဘေးထိုင်ဘုပြောဖို့ကိုတော့ လုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ကြတော့မယ် ဆိုရင်တော့ လက်ရှောင်တတ်တာ များပါတယ်။ အခုမြန်မာနိုင်ငံမှာလည်း ဒီပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ထွက်လာတာနဲ့  ပတ်သက်ပြီးတော့ ကြိုဆိုထောက်ခံတဲ့သူတွေလည်း ရှိသလို ဆန့်ကျင်ကန့်ကွက်တဲ့သူတွေလည်း ရှိပါတယ်။   တချို့တွေက ပြည်သူတွေ စိုးရိမ်မှုမြင့်တက် လာအောင်လို့ သတင်းတု၊ သတင်းမှားတွေဖြန့်ချိကြပါတယ်။ ဒီလိုမျိုးတွေနဲ့ ပတ်သက်ပြီး ကျွန်မရှင်းလင်းတင်ပြချင်တာက နိုင်ငံတော်မှာလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် သတ်မှတ်အသက် အပိုင်းအခြားအလိုက် သင့်တော်လျောက်ပတ်တဲ့အင်အားကိုသာ တာဝန်ပေးထမ်း ဆောင်စေမှာ ဖြစ်ပါတယ်။ မိမိနိုင်ငံကို မိမိကာကွယ်ဖို့ဆိုတာဟာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါ တာဝန်တစ်ရပ်ဖြစ်တဲ့အတွက် ကျွန်မတို့ဟာ သတင်းတု၊ သတင်းမှားတွေမှာ နားမယောင်ဖို့၊ သတင်းတု၊သတင်းမှားတွေကို မယုံကြည်ကြဖို့ အထူးပဲ လိုအပ်ပါတယ်။

နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမယ့် နိုင်ငံသားတွေအနေနဲ့  ဆုံးဖြတ်ချက်တွေ မှန်ကန်ပြီးတော့  လျှောက်သောလမ်းတိုင်းဖြောင့်တန်းစေဖို့ တိုက်တွန်းရင်းနဲ့ ဒီအစီအစဉ်လေးကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။