နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  မတ်  ၉

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ၊ မရှိ၊ တရားမဝင်သူများနေထိုင်မှု ရှိ၊ မရှိ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီးများသည် ဓနသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် သုခသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ များသို့  သွားရောက်ပြီး အိမ်ရာကြီးကြပ်သူ  တာဝန်ခံဝန်ထမ်းများနှင့် တွေ့ဆုံ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေး    ပုံမှန်ပြုလုပ်သွားရန်၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော   အိမ်ရာ စည်းကမ်းများအတိုင်း တိကျစွာလိုက်နာ နေထိုင်ရန် မီးဘေးအန္တရာယ်     ကြိုတင်တားဆီးကာကွယ်ရန် အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက်နေထိုင်ခြင်း မရှိစေရန် ဧည့်စာရင်း    မပျက်မကွက်တိုင်ကြားရန် အခက်အခဲများရှိပါက အိမ်ရာကြီးကြပ်သူများမှတစ်ဆင့် တင်ပြဆောင်ရွက်သွားကြရန်နှင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် မှာကြားသည်။

ထို့နောက် အိမ်ရာအလိုက်    ဝန်ထမ်းမိသားစုများနှင့်   ရင်းနှီးစွာတွေ့ဆုံ၍ ရေ၊ မီးရရှိမှု၊ အခန်းအလိုက်    သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့်   မိသားစုများ၏ ကျန်းမာရေး အခြေအနေတို့ကို   မေးမြန်းကြည့်ရှု စစ်ဆေးခဲ့ကာ    လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။