နွေရာသီကျောင်းပိတ်ရက် ကိုရီးယားဘာသာစကား (အခမဲ့)သင်တန်းဖွင့်လှစ်

 

နွေရာသီကျောင်းပိတ်ရက် ကိုရီးယားဘာသာစကား (အခမဲ့)သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး   အင်းစိန်မြို့ နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေ ရာသီကျောင်းပိတ်ရက်တွင်     အချိန်ကို အကျိုးရှိစွာ    အသုံးချနိုင်ရန်ရည်ရွယ်၍  ကိုရီးယားဘာသာစကား(အခမဲ့)သင်တန်း ကို မတ်လ ၉ ရက်က ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre)၌ ဖွင့်လှစ် ကြောင်း သိရသည်။

ရှေးဦးစွာ     ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကား ပြောကြားကာ သင်တန်းနည်းပြဆရာ ဦးဇွဲမာန်ခက သင်တန်းတွင်ပို့ချမည့် ဘာသာရပ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်     ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  ဦးစီးအရာရှိ  ဒေါ်ခင်နှင်း ကြည်က    ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ သင်တန်းကာလမှာ မတ်လ ၉ ရက်မှ ဧပြီလ ၂၆ ရက်အထိဖြစ်ပြီး သင် တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ကြသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်    (အင်းစိန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများရရှိစေရန် သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)