နှစ်လတာကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၇၇၀၀၀ ကျော်ဝင်ရောက်

 

နှစ်လတာကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၇၇၀၀၀ ကျော်ဝင်ရောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ  ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ဇန်နဝါရီ လနှင့်   ဖေဖော်ဝါရီလ နှစ်လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်  ၇၇၀၀၀   ကျော်    ဝင်ရောက်ခဲ့ကြောင်း  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနအောက်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ များ၌ ဧည့်သည်တည်းခိုမှု စာရင်းများအရ ဇန်နဝါရီလတွင်  ပြည်တွင်းခရီးသွားဧည့် သည် ၁၅၁၄၄ ဦး၊ နိုင်ငံခြားခရီးသွားဧည့် သည် ၄၃၁၀ ဦး၊ ဖေဖော်ဝါရီလတွင် ပြည် တွင်းခရီးသွားဧည့်သည် ၅၆၄၅၄ ဦး၊ နိုင်ငံ ခြားခရီးသွားဧည့်သည် ၁၃၅၂ ဦး စုစုပေါင်း ၇၇၂၆၀  ဦး  တည်းခိုခဲ့ကြကြောင်း  သိရ သည်။

ငွေဆောင်ကမ်းခြေသည် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၏အနောက်ဘက် ၄၈ ကီလိုမီတာ၌တည်ရှိပြီး ရန်ကုန်မြို့မှ ကားလမ်းခရီးဖြင့် လာရောက်ပါက   ငါးနာရီ သာကြာမြင့်သည်။  ငွေဆောင်ကမ်းခြေ သည် ပင်လယ်ကမ်းရိုးတန်းရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊   ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့်   ခရီးသွားဧည့်သည်ဝင်ရောက်မှု   ပိုမိုများပြားကြောင်း သိရသည်။

ကမ်းခြေသို့ လာရောက်အပန်းဖြေသည့် ဧည့်သည်များသည်  ကမ်းခြေ၌   လမ်း လျှောက်ခြင်း၊  ရေကူးခြင်း၊  မော်တော် ဘုတ်စီးခြင်း၊    ပင်လယ်စာစားသုံးခြင်း၊ အလှဓာတ်ပုံရိုက်ခြင်းတို့ဖြင့်    အပန်းဖြေ လျက်ရှိကြပြီး ငွေဆောင်ကမ်းခြေ၏အထင် ကရကျွန်းများဖြစ်သော  မြွေကျွန်း၊   လိပ်ကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်နှင့် ချစ်သူ များကျွန်းတို့သို့လည်း   သွားရောက်လည် ပတ်ကြသည်။

ငှက်ကျွန်းသည် ငွေဆောင်ကမ်းခြေမှ ရေမိုင် ၉ မိုင်ခန့်ကွာဝေးကာ  ဇီဝဇိုးငှက် များနေထိုင်သည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။

လိပ်ကျွန်းသည်   လိပ်ကြီးတစ်ကောင် ကဲ့သို့ရှိပြီး  သဘာဝအတိုင်းဖြစ်ပေါ်နေ သည့် ကျောက်ဆောင်၊ ကျောက်ခက်တို့၏ အလှတရားများဖြင့်  အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်သည်။ ထို့အတူ လိပ်ကျွန်းအနီး ရှိ ကျွန်းလျားရှည်၌ ရေကူးခြင်း၊ ရေငုပ်ခြင်း၊  ပင်လယ်ရေအောက် အလှဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နိုင်ခြင်းကြောင့် မိသားစုလိုက် သော်လည်းကောင်း၊    အုပ်စုလိုက်သော် လည်းကောင်း Speed-boat များငှားရမ်း၍ သွားရောက် လည်ပတ်နိုင်ကြောင်း သိရ သည်။

ငွေဆောင်ကမ်းခြေ၌    ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်   လုံခြုံမှုရှိစေရေးတို့အတွက်လည်း  သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ   ကမ်းခြေသန့်ရှင်း သာယာလှပရေး၊ ကမ်းခြေ၌ ဈေးသည်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဈေး ရောင်းချမှုရှိစေရေး  ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။      

 ဝန်းရံခ