သံလျင်မြို့နယ်နှင် စစ်ကိုင်းမြို့နယ်တို့မှ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

သံလျင်မြို့နယ်နှင် စစ်ကိုင်းမြို့နယ်တို့မှ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၁

    ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် တို့မှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။

     ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးလာ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပုံများကို ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်း ပြသခဲ့ကြသည်။

     ထို့နောက် ဘုရားဖူးလာ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှု ကြသည်။ ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များပေးအပ် လှူဒါန်းကြသည်။      

     ယင်းနောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက် ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။ 

    ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။