ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း များ ဖွင့်လှစ်

 

ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း များ ဖွင့်လှစ်

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်ပွဲများကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၄၉ ဦးဖြင့် လည်းကောင်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၄၆ ဦး ဖြင့်လည်းကောင်း ဧပြီလ ၅ ရက်နေ့ထိ အသီးသီးဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။