အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်

 

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၁

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများ တွင် အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချ၍ အသိပညာဗဟုသုတတိုးပွားပြီး ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ကွန်ပျူ တာနည်းပညာများအား အခြေခံတတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍  ကွန်ပျူတာ သင်တန်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် သင်ထောက် ကူပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား အဆိုပါ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။