ရန်ကုန်မြို့၊ ဗဟန်းမြို့မှ စိတ်ဝေဒနာရှင်တစ်ဦးကို တပ်သားသစ်အဖြစ် စုဆောင်း ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

ရန်ကုန်မြို့၊ ဗဟန်းမြို့မှ စိတ်ဝေဒနာရှင်တစ်ဦးကို တပ်သားသစ်အဖြစ် စုဆောင်း ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှ စိတ်ကျန်းမာရေးချို့တဲ့သူ စိတ်ဝေ ဒနာရှင်တစ်ဦးကို မတ်လ ၁၁ ရက်နေ့က တပ်မတော်မှ တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ မတ်လ ၁၁ ရက်နေ့က မင်္ဂလာဒုံစစ်သားစုဆောင်းရေး တပ်တွင် ၎င်းကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမရှိကြောင်း၊ တပ်မတော်တွင် စစ်မှုထမ်းဆောင်ရန်အတွက် သတ်မှတ်ထားသည့် ကျန်းမာရေးအဆင့်ပြည့်မီသူများ ကိုသာ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ စိတ်ဝေဒနာသည် တစ်ဦး ကိုလည်း စစ်မှုထမ်းဆောင်ရန်အတွက် တပ်သားသစ်အဖြစ် စုဆောင်းမည်မဟုတ် ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည် ဖျက်မီဒီယာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။