ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စီးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

 

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စီးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

နေပြည်တော်၊ ၂၀၂၄ မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက် တောင်ဘက်ရေမိုင် ၃.၈ မိုင်အကွာ၌ ငွေလရောင် အမည်ရှိ ငါးသယ်လှေတစ်စီး ရေဝင် နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ မတ်လ ၁၁ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် လှေအားတွေ့ရှိခဲ့ပြီး လှေပေါ်တွင် လိုက်ပါလာသော လှေသား ၁၀ ဦး အား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။