ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

 

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

 

နေပြည်တော်  မတ်  ၁၂

    ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau  အား ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ  နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် WFPအကြား  လက်ရှိပူးပေါင်းဆောင် ရွက်မှု ကိစ္စရပ်များနှင့်   အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကဏ္ဍများနှင့် ပတ်သက်၍  ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့    Mr. Carl Johan Orrenius   Skau  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်    နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။