တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၂

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၁ ရက် ညနေ ၃ နာရီ

တွင်  တောင်ကြီးမြို့နယ်  ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက်ရှိ ကြည်စိုး(ခ)ပေါက်ခေါ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၂၀၀၊ မြန်မာ ငွေကျပ် ၂၃ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ကြည်စိုး(ခ) ပေါက်ခေါ ၅၈ နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သတင်းရရှိသည်။