ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် အဖွဲ့အားပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လက်ခံတွေ့ဆုံ

 

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် အဖွဲ့အားပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ်  ၁၂

    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အီတလီနိုင်ငံ ရောမမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ  Mr. Carl Johan Orrenius Skau နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  WFP က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့်  WFP အကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍   အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ အီတလီနိုင်ငံ  ရောမမြို့ရှိ  WFP  ရုံးချုပ်၊   အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ WFP ရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ WFP  ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။